မိုးမိတ် – မဘိမ်းကြားတွင်နေထိုင်ကြသည့် စစ်ရှောင်များကြိုတင်ရွှေ့ပြောင်းကြရန် တော်လှန်ရေးတပ်များက သတိပေး
- Pajau Media

- May 13
- 1 min read
ပါဂျောင်မီဒီယာ
၁၃ရက်၊ မေလ၊ ၂၀၂၆။

ရှမ်းမြောက်ဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချူပ်ထားသည့် မဘိမ်းဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားလာသောကြောင့် မိုးမိတ် – မဘိမ်းကြားတွင်နေထိုင်ကြသည့် စစ်ရှောင်များကြိုတင်ရွှေ့ပြောင်းကြရန် တော်လှန်ရေးတပ်များက သတိပေးထားကြောင်း သိရပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက မန္တလေး-မိုးမိတ်-မဘိမ်း–ငါးအိုး လမ်းအတိုင်း စစ်အင်အားအလုံးအရင်းဖြင့် ကချင်ပြည်နယ်ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းဖြစ်သည်။
ထိုသို့ စစ်ကြောင်းထိုး လှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIA ပူးပေါင်းတပ်ကကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများလည်းရှိခဲ့ကြောင်းနှင့် လက်ရှိချိန်ထိ နှစ်ဖက် စစ်ရေးတင်းမာနေကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်များသည် မန္တလေး-ထီးချိုင့်-ကသာလမ်းအတိုင်း ကချင်ပြည်နယ် ဘက်ကိုလည်း စစ်ရိက္ခာတင်များတင်ပို့နေပြီး ယမန်နေ့ မေလ ၁၂ ရက်နေ့တွင် ရိက္ခာသယ်ဆောင်လာသည့် စစ်ယာဉ်တန်းများ မြစ်ကြီးနားမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments