top of page

မိုးများသောကြောင့် မိုင်းနား -လိုင်ဇာ- နန်ဇော် သွားလမ်းပိုင်း သွားလာရေးခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • Aug 5, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက်၊ သြဂုတ် ၂၀၂၅



ကချင်ပြည်နယ် မိုင်းနား-လိုင်ဇာ-နန်ဇော် သွားလမ်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ခါကျန်ချောင်းနှင့် မန်ဒုန်ချောင်း နေရာတွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်ကာ လမ်းခရီးကြမ်းတမ်းနေသောကြောင့် သွားလာရအလွန်ခက်ခဲနေသည်ဟု ကားသမားများက ပြောသည်။


"ခုလို မိုးတွင်းဆိုပေမဲ့ မိုးကအဆက်မပြတ်ရွာနေတော့ သွားလာရတာလည်း ခက်ခဲတယ် ရေလည်းကြီး လမ်းတွေလည်း ပျက်နေတော့ ကားတွေလည်းပိတ်မိတာတွေရှိတယ် " ဟု ပြောသည်။


ကားလမ်းပိုင်းတွင်လည်း မိုးရွာသွန်းမှုကြောင့် လမ်းလျှော်ကာ လမ်းပျက်စီးနေသဖြင့် ငှက်ပျောကုန်ကားများကို လမ်းဘေးနေရာများတွင် အလေးချိန်လျော့ချကာ သွားလာနေသည်ဟု ဆိိုသည်။


" လမ်းကအရမ်းကြမ်းတယ်။ ငှက်ပျောကားတွေက ဝိတ်မနိုင်ဘူး အဲ့တာကြောင့် သယ်ယူလာတဲ့ ငှက်ပျောသီးတွေကို အလေးချိန်တွေ လျော့ချပြီး သွားလာနေကြတယ် " ဟု အထက်ပါက ဆက်ပြောသည်။


လက်ရှိချိန် ကချင်ပြည်နယ်အထက်ပိုင်းတွင် မိုးများနေသောကြောင့် လိုင်ဇာဒေသ အပါအဝင် မြေပြန့်ဒေသများတွင် ရေကြီးရေလျှံဖြစ်ပေါ်လျက် ရှိနေကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page