top of page

မြေရှားသတ္တုတွင်းပြိုကျမှုတွင် ပါသွားခဲ့သည့်လုပ်သား(၅၀)ဝန်းကျင်၏ ရုပ်အလောင်းများကို ယနေ့ထိရှာဖွေမတွေ့ရှိသေး

  • Writer: Pajau Media
    Pajau Media
  • Jun 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။




ကချင်အထူးဒေသ(၁) ပန်ဝါမြို့ရှိ မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်တစ်ခု ပြိုကျမှုတွင် ပျောက်ဆုံးနေသည့် လုပ်သား(၅၀)ဝန်းကျင်တို့၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းအချိန်ထိ မတွေ့ရှိသေးကြောင်းသိရသည်။


လုပ်ကွက်တစ်ခုလုံး ပြိုကျသည့်အပြင် မိုးသည်း ထန်စွာ ရွာသွန်းနေသောကြောင့် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေရန် အခက်အခဲရှိနေခြင်းဖြစ်သည်။


ဇွန်လ ၁၉ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန်တွင် မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်တစ်ခု ရုတ်တရက်ပြိုကျလာခဲ့ပြီး ယင်းနေရာတွင် လုပ်ကိုင်နေသည့် ထမင်းချက်များအပါအဝင် လုပ်သားအားလုံးနီးပါး မြေပြိုကျရာတွင် ပါသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။


ယင်းလုပ်ကွက်သည် စစ်ကောင်စီလက်အောက်ခံ ကချင်အထူးဒေသ(၁) ပြည်သူ့စစ်ခေါင်းဆောင် ဇခုန်တိန့်ယိန်းသားအဖ၏ မြေရှားသတ္တုတူးဖော်သည့် လုပ်ကွက်သစ်ဖြစ်ကြောင်းလည်း ထပ်မံသိရသည်။


 ချီဖွေ၊ ပန်ဝါဒေသသည် ယခုမိုးရာသီကာလရောက်တိုင်း မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် မြေရှားသတ္တုတွင်း လုပ်ကွက်များ မကြာခဏပြိုကျလေ့ရှိပြီး၊ ပြီးခဲ့သည့် ဇွန်လ ၄ရက်နေ့တွင်လည်း လုပ်ကွက်တစ်ခုပြိုကျမှုကြောင့် လုပ်သား၂၀ ကျော် သေဆုံးခဲ့ရာ၊ ဇွန်လ ၁၉ ရက်နေ့ ညသန်းခေါင် မြေပြိုကျမှုမှာ အကြီးမားဆုံး မြေပြိုကျမှုနှင့် သေဆုံးသူအများဆုံးဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page