မိုးရွာအဆက်မပြတ်ရွာသွန်းပြီး ရေကြီးလာသောကြောင့် လဝါးစစ်ရှောင်များ အခက်ကြုံနေ
- Pajau Media

- Jul 18
- 1 min read
ပါဂျောင်မီဒီယာ။
၁၈ရက်၊ဇူလိုင်လ၊၂၀၂၅။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် လဝါးစစ်ရှောင်များ၏ စစ်ရှောင်စခန်းနေရာအတွင်း ရေကြီးလာသောကြောင့် ခက်ခဲနေသည်ဟု သိရသည်။
မိုးများသောကြောင့် ယမန်နေ့ ဇူလိုင်၁၇ရက် နံနက်ပိုင်းတွင် လဝါးစစ်ရှောင်များ တိမ်းရှောင်နေသည့်နေရာတွင် ရေကြီးလာပြီး အချက်အပြုတ်၊ အိပ်စရာနေရာ၊ လမ်းသွားလမ်းလာနှင့် ကျောင်းသားများ ကျောင်းသွားကျောင်းပြန် စသည့်ပြဿနာများ ရင်ဆိုင်နေရကြောင်း သိရသည်။
လဝါးစစ်ရှောင်စခန်းအတွင်း အစားအသောက်၊ နေစရာ၊ ဆေးဝါးပစ္စည်း၊ သောက်ရေသန့်နှင့် အိမ်သုံးပစ္စည်းများ လိုအပ်နေသည့်အပြင် ယခုကဲ့သို့ ရေကြီးလာသဖြင့် ပိုမိုခက်ခဲသွားကြသည်ဟု ဆိုသည်။
လဝါးစစ်ရှောင်များမှာ ပြီးခဲ့သည့် မတ်လကတည်းက လဝါးကျေးရွာအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များ နေရာယူတပ်စွဲလာချိန် KIA တပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားလာသောကြောင့် လက်ရှိအချိန်ထိ စစ်ရှောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်း- ထုဆိုင်း









Comments