top of page

မေလ(၁)လတာအတွင်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း(၉၇)ဦး သေဆုံး

  • Writer: Pajau Media
    Pajau Media
  • May 28, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၈ရက်၊ မေလ၊ ၂၀၂၅။




မေလ ၁ ရက်နေ့မှ မေလ၂၇ ရက်နေ့ထိ နိုင်ငံတစ်ဝန်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း(၉၇)ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ထုတ်ပြန်ထားသည်။


တစ်နိုင်ငံလုံး စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၆၆) ဦးနှင့် အမျိုးသား (၃၁) ဦး သေဆုံးကာ၊ အသက် ၁၈ နှစ်အောက် ကလေးငယ် (၃၆) ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။


ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျွန်းကြီးကျေးရွာတွင်လည်း မေလ ၂၅ ရက်နေ့တွင် မင်္ဂလာပွဲကျင်းပနေသည့်နေရာကို စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၁၂)ဦး သေဆုံးခဲ့သည်။


ကချင်ပြည်နယ်၊ ဖားကန့်မြို့၊လုံးခင်းကျေးရွာတွင်လည်း စစ်ကောင်စီ၏ ထိုးစစ်ဆင်စစ်ကြောင်းဝင်ရောက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိနေသော်လည်း ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲအခြေအနေကြောင့် ထိခိုက်သေဆုံးစာရင်းကို သိရှိရန်ခက်ခဲနေဆဲဖြစ်သည်။


စစ်ကောင်စီမှာ ငလျင်ကြောင့်ပျက်စီးမှုများကို ပြန်လည်တည်ဆောက်ရေးအတွက် မေလကုန်ထိ အပစ်ခတ်ရပ်စဲရေးထပ်တိုး ထုတ်ပြန်ကြေညာထားသော်လည်း ကချင်ပြည်နယ်နှင့် နိုင်ငံတစ်ဝန်းတွင် ထိုးစစ်များဆက်လက်လုပ်ဆောင်နေပြီး လေကြောင်းမှလည်း အပြစ်မဲ့ပြည်သူများကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page