top of page

မိုးသက်မုန်တိုင်းကြောင့် ဟန်ထက်စစ်ဘေးရှောင်များ ခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • Apr 4
  • 1 min read

ပါဂျောင်မီဒီယာ

၄ရက်၊ဧပြီ၊၂၀၂၆။


ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ဟန်ထက်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းနေရာတွင် မိုးသက်လေပြင်းရိုက်ခတ်မှုကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရသောကြောင့် ကူညီထောက်ပံ့မှုများ လိုအပ်နေသည်ဟု စစ်ရှောင်များက ပြောသည်။


ပြီးခဲ့သည့် မတ်လ၂၈ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသက်မုန်တိုင်းကြောင့် စစ်ဘေးရှောင်စခန်းတွင်းရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး၊ စစ်ရှောင်များ နေထိုင်ရာ အထိုင်အခင်းအတွက် ခက်ခဲနေကြသည်ဟု ဆိုသည်။


စစ်ရှောင်စခန်းတွင်း အိမ်ခြေ(၇၈)အိမ်နှင့် လူးဦးရေ (၂၅၆)ဦး နေထိုင်ကြရာ နေအိမ်များမှာ မိုးကာအမိုးဖြင့်သာ မိုးထားသည့် ဝါးထရံနေအိမ်များဖြစ်သောကြောင့် အထိအခိုက်နှင့် အပျက်အစီးမှာ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ကြောင်း သိရသည်။


ထို့ကြောင့် စစ်ရှောင်များမှာ ကူညီထောက်ပံ့မှုများ လိုလားနေကြပြီး၊ စစ်ရှောင်များမှာ အဖက်ဖက်မှ ခက်ခဲမှုများကြောင့် လက်ရှိချိန်ထိ နေအိမ်ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးဘူးဟု ဆိုသည်။


အလားတူ ဧပြီလဆန်း၁ရက်နေ့တွင်လည်း မိုးသက်လေပြင်း ကျရောက်မှုကြောင့် မိုးကောင်းမြို့နယ် နမ္မတီးမြို့မှ စစ်ဘေးရှောင်နေအိမ်နှင့် ဒေသခံနေအိမ် အများအပြား ထပ်မံထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page