top of page

မော်ဟန်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ကာ ကားသမား ထွက်ပြေးတိမ်းရှောင်နေ

  • Writer: Pajau Media
    Pajau Media
  • Apr 28, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၈ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။




ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ မော်ဟန်ကျေးရွာသွားသည့် လမ်းမပေါ်တွင် ယမန်နေ့ ဧပြီလ၂၇ရက်နေ့ ညနေ၅နာရီအချိန်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားနှင့် နောက်တွင်လိုက်ပါစီးနှင်းလာသူ အမျိုးသမီးတို့နှစ်ဦး ‌ပွဲချင်းပြီးသေဆုံးသွားကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရတစ်ဦး ပြောပြချက်အရ သိရသည်။


"ကားက ကြားလမ်းကနေ ကွေ့လာတာ ဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင် တိုက်မိတာ၊ ဆိုင်ကယ်ရော ကားရော အရှိန်များတယ်၊ ဆိုင်ကယ်‌မောင်းလာတဲ့သူက‌ ယောက်ျားလေး၊ အနောက်မှာ ထိုင်စီးလာတဲ့သူက မိန်းကလေး၊ နှစ်ယောက်လုံး ပွဲချင်းပြီးသေတာ၊ ကားသမားက ကားကို ချန်ထားပြီး ပြေးသွားပြီ၊" ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။


အဆိုပါ ယာဉ်တိုက်မှုတွင် တုန်ဖုန်းကားယာဉ်မောင်းဖြစ်သူ ကားသမားမှာ ကားကိုချန်ထားကာ ထွက်ပြေးတိမ်းရှောင်သွားကြောင်းနှင့် သေဆုံးသူ အမျိူးသားနှင့် အမျိုးသမီးနှစ်ဦးမှာ မော်ဟန်ကျေးရွာ ဒေသခံများဖြစ်ကြောင်း ထပ်မံသိရသည်။


တိုက်ပြေးသည့် ကားအမျိုးအစားမှာ တုန်ဖုန်းကား အမျိုးအစားဖြစ်ပြီး ကားနံပါတ်မှာ MDY 5A-6189 ဖြစ်ကာ ယာဉ်မောင်းမှာ မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိရသေး ဟု ဆိုသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page