top of page

မင်းဇေသန့်ပြည်သူ့စစ်က ဒရုန်းဗုံးပစ်ခတ်တိုက်ခိုက်နေပြီး၊ စစ်အင်အားဖြည့်တင်းနေ

  • Writer: Pajau Media
    Pajau Media
  • Jul 31, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃၁ရက်၊ဇူလိုင်၊၂၀၂၅။


ဟူးကောင်းဒေသအတွင်း စစ်ရေးလှုပ်ရှားနေသည့် မင်းဇေသန့်ပြည်သူ့စစ်နှင့် KIA အကြား စစ်ရေးတင်းမာနေသည့်အပြင် ပြည်သူ့စစ်တပ်ဖွဲ့က ဝါရာဇွပ်-ရှဒူးဇွပ်လမ်းဝန်းကျင်တွင် စစ်အင်အားဖြည့်တင်း လုံခြုံရေးယူနေကြောင်း သိရသည်။


ပြီးခဲ့သည့် ဇူလိုင်၂၉ရက် နံနက် ၇ နာရီအချိန် မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့မှ ဝါရာဇွပ်ဘုန်းကြီးကျောင်းအနီး ဒရုန်းဗုံး နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းမှ (၂)ဦး အသက်သေဆုံးပြီး၊ (၅)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ပြည်သူ့စစ်တပ်ဖွဲ့က ဘုန်းကြီးကျောင်းအတွင်း KIA တပ်ဖွဲ့များ ရှိနေသည်ဟု ယူဆကာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။


မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့က ဖေဖော်ဝါရီလကတည်းက ဝါရာဇွပ်ဒေသဝန်းကျင် စစ်ရေးလှုပ်ရှားလာခဲ့ပြီး၊ မတ်လမှစ ဒရုန်း၊ လေယာဉ်ဗုံးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူများမှာ တောတောင်နေရာသို့ ထွက်ပြေးခဲ့ရသည်။


တောတောင်နေရာအတွင်း ခက်ခက်ခဲခဲ စစ်ပြေးရှောင်နေရသောကြောင့် ဇွန်လအတွင်း နေရပ်ကျေးရွာသို့ ပြန်လည်နေထိုင်ခဲ့ကြသော်လည်း စစ်ရေးမှာ တစ်ဖန်ပြန်လည် တင်းမာလာကြောင်းလည်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page