top of page

မန်ခိန်ရပ်ကွက်တွင် လူငယ်တစ်ဦး ဓားထိုးဒဏ်ရာဖြင့် သေဆုံးနေ

  • Writer: Pajau Media
    Pajau Media
  • Feb 20, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ ရက်၊ ဖေဖော်ဝါရီ၊ ၂၀၂၄ခုနှစ်။



မြစ်ကြီးနား၊ မန်ခိန်ရပ်ကွက် အုပ်စု(၃)ရပ်ကွက်ရှိ လမ်းတစ်နေရာတွင် ယနေ့ ညနေ ၃နာရီဝန်းကျင် အချိန်ခန့်၌ လူနှစ်ဦး စီးနှင်လာသည့် စူပါကတ်ဆိုင်ကယ်တစ်စီးမှ နောက်တွင် လိုက်ပါစီးနှင်းသူကို ဓားထိုးဒဏ်ရာဒဏ်ချက် များစွာဖြင့် တွန်းချထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


ဖြစ်စဉ်မှာ “စူပါကတ်ဆိုင်ကယ်နဲ့ လူငယ်နှစ်ယောက် စီးလာတာ။ အဲ့ချိန် နောက်မှာထိုင်တဲ့သူကို တွန်းချပြီး ထွက်သွားခဲ့တာ တွေ့ရတယ်။ အဲ့ချိန် ဘာဖြစ်တာလဲ ဘယ်သူလဲလို့ သွားမေးကြည့်တော့ ဓားထိုးဒဏ်ရာတွေနဲ့ အူပါထွက်နေတယ်၊ မသေသေးဘူး။ ခနဆို သေသွားပြီ” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဖြစ်စဉ် အကြောင်းအရာစုံကို ပြောပြခဲ့သည်။


မျက်မြင်တွေ့ရှိသူ ပြောကြားချက်အရ သေဆုံးသွားသူ လူငယ်ကို မိမိတို့ရပ်ကွက်မှာ မတွေ့ရှိဖူးကြောင်းနှင့် ဘယ်ဒေသမှ မည်သူမည်ဝါ ဖြစ်ကြောင်းကိုလည်း မသိရှိရပါဘူးဟု ပြောသည်။


သေဆုံးသွားသူမှာ ဆိုင်ကယ် တွန်းချပြီးခြင်း သေဆုံးသွားသည် မဟုတ်ဘဲ ၁၅မိနစ်အကြာမှ လူးလှိမ့်ကာ သေဆုံးသွားခဲ့သည်ဟု ဆိုသည်။


ဒေသခံများမှာ ယင်းသေဆုံးသွားသူအား ဓားနှင့်ထိုးသတ်သွားသူမှာ ဆိုင်ကယ်မှ တွန်းချခဲ့သည့် ဆိုင်ကယ်မောင်းနှင်သူ ဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုနေကြသည်။


လက်ရှိ ဒေသခံများ၏ အကြောင်းကြားမှုကြောင့် သေဆုံးသွားသူ၏ ရုပ်အလောင်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့များမှ လာရောက်ကြည့်ရှု မှတ်တမ်းယူကာ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။



Comments


Pajau Media

Thanks for subscribing!

bottom of page