top of page

မန္တ‌လေး-မြစ်ကြီးနား ဗျူဟာလမ်းပေါ်မှ ထီးချိုင့်-ကသာ-အင်းတော်လမ်း ယာယီပိတ်ပင်

  • Writer: Pajau Media
    Pajau Media
  • May 25
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊မေလ၊၂၀၂၆


တိုက်ပွဲအခြေနေကြောင့် မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမပေါ်က- ထီးချိုင့်-ကသာ-အင်းတော်-နန့်စီးအောင်-မော်လူး-နဘားလမ်း လမ်းပိုင်းကို ယာယီပိတ်ထားကြောင်း အမှတ်(၁)စစ်ဒေသဌာနချုပ် ကသာခရိုင်ကွပ်ကဲရေးရုံးမှ ထုတ်ပြန်ထားသည်။


စစ်ကော်မရှင်တပ်၏ ချောဆွဲခြင်း၊ အရပ်သားကားများကို ပုံမှားရိုက်ပြီး စစ်လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်နေသောကြောင့် ထိုလမ်းပိုင်းကို ယာယီပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


တစ်ဖက်မှာလည်း ထိုလမ်းပိုင်းတွင် စစ်လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်နေသော စစ်တပ်ယာဉ်တန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်စစ်‌ရေး အပြန်အလှန်တင်းမာနေပြီး တိုက်ပွဲလည်းဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။


ထို့ကြောင့် ပြည်သူများအနေဖြင့် ထုတ်ပြန်ချက်ကို လေးစားလိုက်နာကြရန်လည်း ပြောဆိုထားပြီး မလိုက်နာပါက ဖြစ်ပေါ်လာတဲ့ပြဿနာများကို တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page