top of page

မန္တလေး-ဗန်းမော်ကားလမ်းပိုင်း ရက်ကန့်သတ်မရှိဖြတ်သန်းသွားလားခွင့်ပိတ်

  • Writer: Pajau Media
    Pajau Media
  • Aug 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၁၊ ၈၊ ၂၀၂၄။



စစ်ကိုင်းတိုင်းအထက်ပါပိုင်း အင်းတော်ဘက်တွင် ဩဂုတ်လမှစပြီး ပြင်းထန်လာသည့် စစ်ပွဲများကြောင့် စစ်ကိုင်း-ကချင် စပ်ကူးလူးသွားလာနေသည့် လမ်းပိုင်းကို တော်လှန်ရေးကာကွယ်ရေးတပ်မှ ရက်ကန့်သတ်မရှိ ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်းသိရပါသည်။


အင်းတော်မြို့တွင် စစ်ပွဲပြင်းထန်နေချိန်မှ စပြီးထိုကားလမ်းပိုင်းဖြတ်သန်းသွားလားခွင့် ပိတ်ထားသည်မှာ ယနေ့ထိပင်ဖြစ်ပြီး တိုက်ပွဲပြင်းထန်နေသေးသောကြောင့် မည်သည့်အချိန်တွင် ကားလမ်းပြန်ဖွင့်မည်ကို မသိရသေးပေ။ လက်ရှိတွင် ထိုကားလမ်းပိုင်းတွင် ယာဉ်များ သွားလာခြင်း မရှိသေးပါ။


ယခုလက်ရှိ ဗန်းမော်မြို့နယ်ထဲသို့ မန္တလေးဘက် မှ ကုန်ကားအဝင် မရှိသောကြောင့် လိုင်ဇာဘက်မှ စင့်ကင်ဘက်သို့ ဝင်ရောက်သည့် ကုန်အနည်းအကျဉ်း သာရှိ နေပြီး အခြေခံစားသောက်ကုန်များ စျေးအဆမတန်မြင့်တက် နေလျက်ရှိနေပါသည်။


ကြက်ဥတစ်လုံးကို ကျပ် ၇၀၀ ထိပေးဝယ်နေရပြီး ဆန်၊ဆီ၊ဆားများကို ဈေးနှုန်းနှစ်ဆပေးကာ ပေးဝယ်နေရကာ တစ်ခြားစားသောက်ကုန်တစ်ချို့နှင့် ဆေးဝါးများ ပြတ်လတ်နေလျက်ရှိသည်။


လွန်ခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှစပြီး ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်ကာ အခြေခံစားသောက်ကုန် အဓိကဝင်ရောက်သည့် လမ်းများလည်း ပိတ်ထားသည့်အတွက် ပြည်သူများအဖက်ဖက်မှ အခက်အခဲရင်ဆိုင်ကြုံတွေ့နေရပါသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page