top of page

မန္တလေး-မြစ်ကြီးနားကားလမ်း ရက်အကန့်အသတ်မရှိ ထပ်မံပိတ်ပင်မည်ဖြစ်ကြောင်း သိရ

  • Writer: Pajau Media
    Pajau Media
  • Aug 6, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၆၊ ၈၊ ၂၀၂၄။



မန္တလေး-မြစ်ကြီးနားသွား ပြည်ထောင်စုလမ်းမကြီးကို လာမည့်ဩဂုတ်လ၈ရက်နေ့မှစတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်သွားမည်ဖြစ်ကြောင်း ကားလက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦး ပြောပြချက်အရ သိရသည်။


“ဒီလ၈ရက်နေ့ကစပြီး မြစ်ကြီးနား-မန္တလေးလမ်း လမ်းမကြီးအားလုံး ပိတ်တော့မယ်လို့ ပြောတယ်။ တစ်ချို့ဂိတ်တွေဆိုရင်တောင် မန္တလေးဂိတ်ဘက် အကုန်ပြောင်းရွှေ့ကုန်ပြီ။ ကျနော်တို့ မြစ်ကြီးနားမှာ တိုက်ပွဲဖြစ်လာတော့မယ် ထင်တယ်။” ဟု ကားလက်မှတ်အရောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။


ယင်းလမ်းမကြီးကို အာဏာရအစိုးရမှ ပိတ်ပင်ရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်းနှင့် မည်သည့်အကြောင်းအရင်းကြောင့် ပိတ်ပင်သွားမည်ကို အတိအကျ မသိရှိရပေမယ့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။


ယခင်က မန္တလေးဘက်မှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို မြစ်ကြီးနားသို့ တင်ပို့လေ့ရှိပေမယ့် ယခုနောက်ပိုင်းတွင် ကန်ပိုင်တည်ဘက်မှ တင်သွင်းသည့် ကုန်ပစ္စည်းများကိုသာ မြစ်ကြီးနားမှတစ်ဆင့် မန္တလေးဘက်သို့ ပြန်လည်တင်ပို့နေကြသည်ဟု ဆိုသည်။


ထို့အပြင် တရုတ်နယ်စပ် ကန်ပိုင်တည်ဘက်မှ တင်သွင်းလာသည့် ကုန်ပစ္စည်းများလည်း အာဏာရအစိုးရ၏ ညွှန်ကြားချက်ဖြင့်သာ အလှည့်ကျစနစ်ဖြင့် တင်သွင်းကြပြီး၊ အစိုးရ၏ သတ်မှတ်ချက်မဟုတ်သည့် အခြားကုန်တင်ကားများကိုတော့ စစ်သည်။


မန္တလေး-မြစ်ကြီးနားသွား ကားလမ်းမကြီးကို တိုက်ပွဲအခြေအနေအရ ပိတ်ထားလေ့ရှိပြီး တိုက်ပွဲငြိမ်သည့်အချိန်တွင် လမ်းပြန်ဖွင့်ပေးလေ့ရှိပေမယ့် တစ်ခါတစ်ရံ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လမ်းပိတ်ထားလေ့ရှိကြောင်း ကားသမားတစ်ဦးထံမှ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page