top of page

မန္တလေး-မြစ်ကြီးနားသွား ကားလမ်းပိုင်းတွင် မြစ်ကြီးနားမှ အဆင်းတစ်ခုသာ ပြေးဆွဲနေ

  • Writer: Pajau Media
    Pajau Media
  • Aug 8, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၈၊ ၈၊ ၂၀၂၄။



မန္တလေး-မြစ်ကြီးနားသွား ပြည်ထောင်စုကားလမ်းမကြီးတွင် ပြေးဆွဲနေသည့် ခရီးသည်တင်ကားများမှာ မြစ်ကြီးနားမှ မန္တလေးအထိ ခရီးသည်တစ်ဦးလျှင် လေးသောင်းခွဲကျပ်ဖြင့် ပြေးဆွဲနေသေးကြောင်း ကားသမားတစ်ဦးထံမှ သိရသည်။


“မြစ်ကြီးနားကနေ မန္တလေးအဆင်းပဲ ရတယ်။ မန္တလေးကနေ မြစ်ကြီးနားအတက်ကိုကျတော့ မရဘူး။ အခုက အတက်တွေက သွားလို့မရပေမယ့် အဆင်းကျတော့ ရနေသေးတယ်။ တစ်ဘက်ခါလောက်ဆို ဂျိန်းဖော့သူကားဂိတ်ကနေတော့ ကားနှစ်စီးလောက် အဆင်းထွက်ဖို့ ရှိတယ်။” ဟု ဂျိန်းဖော့သူကားဂိတ်မှ သိရသည်။


မြစ်ကြီးနား-မန္တလေးသွား ကားလမ်းကို စစ်ရေးမတည်ငြိမ်မှုများကြောင့် မကြာခဏ အဖွင့်အပိတ်ပြုလုပ်လျက်ရှိပြီး ကုန်စည်တင်ကားများကိုတော့ ဖြတ်သန်းခွင့်မပြုတာ တစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်ပေမယ့် အိမ်စီးကားအသေးများနှင့် မြစ်ကြီးနားမှ မန္တလေးဆင်းမည့် ခရီးသည်တင်ကားများကိုတော့ ဖြတ်သန်းခွင့်ပြုထားသေးကြောင်း သိရသည်။


လက်ရှိမှာတော့ ခရီးသည်တစ်ဦးလျှင် လေးသောင်းခွဲကျပ်နှုန်းဖြင့် မြစ်ကြီးနားမှ မန္တလေးအဆင်းတစ်ခုသာ ပြေးဆွဲနေသကဲ့သို့ ယင်းပြည်ထောင်စုလမ်းမကြီးကို တိုက်ပွဲအခြေအနေအရ ပိတ်ထားလေ့ရှိပြီး တိုက်ပွဲငြိမ်သက်ချိန်တွင် လမ်းပြန်ဖွင့်ပေးလေ့ရှိကြောင်း ကားသမားများထံမှ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page