top of page

မန္တလေးမှ မြစ်ကြီးနားသို့ ပြေးဆွဲနေသည့် ခရီးသည်ကားတစ်စီး မိုင်းထိ၍ နှစ်ဦးသေဆုံး၊ နှစ်ဦး ထိခိုက်ဒဏ်ရာရ

  • Writer: Pajau Media
    Pajau Media
  • Mar 18, 2024
  • 1 min read

ပါဂျောင်မီဒီယာ

မတ်လ၊၁၈ရက်၊၂၀၂၄ခုနှစ်။



မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ပြေးဆွဲလာသော ခရီးသည်တင် ကားတစ်စီးသည် ယမန်နေ့ မတ်လ ၁၇ရက်နေ့၌ စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် ကျောက်မြောင်းကားလမ်းပေါ်ရှိ တအုံရွာအနီးတွင် မိုင်းထိ၍ ခရီးသည်နှစ်ဦးသေဆုံးကာ နှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းထံမှ သိရသည်။


"ဒီမနက်၉နာရီလောက်မှာ မန်းလေးကနေ မြစ်ကြီးနားကို တက်လာတဲ့ ကချင်မင်းသား ခရီးသည်တင်ကားက မိုင်းထိတာ။ တစ်ဦးက ပွဲချင်းပြီးဆုံးတယ်။ တစ်ဦးက သွေးလွန်ပြီးဆုံးတယ်။ နှစ်ဦးက ဒါဏ်ရာပြင်းထန်တယ်။ ဖုန်းလိုင်းတွေက မိတစ်ချက် မမိတစ်ချက်ဆိုတော့ သူတို့ရဲ့အိမ်တွေနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေကြတယ်။” ဟု ကားသမားတစ်ဦးက ပြောသည်။


ယခင်အချိန်များတွင် မန္တလေးမှ မြစ်ကြီးနားသွားသည့် ကားလမ်းမှာ မန္တလေး၊ ထီးချိုင့်နှင့် အင်းတော်ဘက် ကားလမ်းပိုင်းမှ သွားကြသော်လည်း ယခုအချိန်တွင် ထီးချိုင့်ဘက်ခြမ်း နှစ်ဖက်စစ်တပ်များ၏ ထိတွေ့တိုက်ပွဲများ ရှိနေသောကြောင့် လမ်းများပိတ်ပင်ထားကာ ရွှေဘို၊ ကျောက်မြောင်းလမ်းပိုင်းဘက်မှ သွားလာကြခြင်း ဖြစ်ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းနှင့် ကချင်အစပ်နေရာများတွင် တိုက်ပွဲများပြင်းထန်နေသောကြောင့် မြစ်ကြီးနား-မန္တလေးသွား အဝေးပြေးလမ်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးအတိုင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များမှာ စိုးရိမ်ပူပန်မှုများနှင့် သွားလာနေကြရကြောင်း ခရီးသည်တစ်ဦးက ပြောသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page