top of page

မန္တလေးမြို့မှထွက်ခွာလာသည့် စစ်ကောင်စီသင်္ဘောများ ဗန်းမော်မြို့ဘက်သို့ဆက်လက်ဆန်တက်နေ

  • Writer: Pajau Media
    Pajau Media
  • Jul 22, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၂ရက်၊ဇူလိုင်လ၊၂၀၂၅။



မန္တလေးမြို့မှ ကချင်​ပြည်နယ်သို့ ဆန်တက်လာသည့် စစ်တပ်သင်္ဘောများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေသော်လည်း ယနေ့ ဇူလိုင် ၂၂ရက်နေ့တွင် ဗန်းမော်မြို့ဘက်သို့ဆက်လက်ဆန်တက်နေကြောင်း သိရသည်။


ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် စစ်လက်နက်ပစ္စည်းများ သယ်ဆောင်လာသည့် စစ်တပ်သင်္ဘောများကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့သောကြောင့် သင်္ဘောတစ်စီး ​နှစ်မြှုပ်ကာ ၃စီး ပျက်စီးခဲ့ကြောင်း မန္တ​လေးPDF ကထုတ်ပြန်ခဲ့သည်။


ဆက်လက်ကျန်ရှိနေသော စစ်သင်္ဘောအုပ်စုများမှာ ယနေ့ နံနက်ပိုင်းအချိန်တွင် အင်းတော်မြို့နယ်အတွင်းရောက်ရှိနေပြီး ဗန်းမော်မြို့အထိ ဆက်လက်ဆန်တက်မည်ဖြစ်ကြောင်း သိရသည်။


၂၀၂၄ခုနှစ် ဒီဇင်ဘာလမှစပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲ​နေသည့် ဗန်း​​မော်မြို့ကို စစ်လက်နက်များနှင့် စားနပ်ရိက္ခာ​များ ပို့​​ဆောင်ရန်အတွက် စစ်ကောင်စီမှ ၎င်းတို့၏စစ်သင်္ဘောများကို မန္တလေးမြို့ ‌၊ ဂေါဝိန်ဆိပ်ကမ်းမှဇူလိုင်လ ၁၇ ရက်နေ့တွင် စတင်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။


လက်ရှိအချိန်တွင် ကချင်ပြည်နယ်၊ဖားကန့်ဒေသအပါအဝင် အင်းတော်ကြီးဒေသနှင့် ဗန်းမော်ဒေသတို့တွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းအဆက်မပြတ်ထိုးနေသောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းများလုပ်ဆောင်လျက်ရှိသည်။


သတင်း-ဖရိန်း

 Photo - Credit to Owner


Comments


Pajau Media

Thanks for subscribing!

bottom of page