မန်၀ိန်းကြီးရပ်ကွက်မှ နေအိမ်တစ်လုံးမီးလောင်၊ သားဖြစ်သူ မီးလောင်ဒဏ်ရာရ
- Pajau Media

- Aug 14, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၄ရက်၊ ဩဂုတ်၊ ၂၀၂၅။
ဗန်းမော်ဒေသ၊ မန်၀ိန်းကြီး ရပ်ကွက်(၄)တွင် ယမန်နေ့ဩဂုတ် ၁၃ရက် ည ၉နာရီ ၃၀မိနစ်အချိန်က နေအိမ်တစ်လုံး မီးလောင်သွားခဲ့ကြောင်း သိရသည်။
မီးလောင်သွားသည့် နေအိမ်မှာ ဦးအိုက်မူးဆိုသူနေအိမ်ဖြစ်ပြီး၊ နေအိမ်အတွင်း တစ်ယောက်ထဲအိပ်မောကျနေသည့် သားဖြစ်သူ ဦးတင့်ဦးက မီးလောင်ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။
မီးလောင်ဒဏ်ရာရရှိသွားသည့် သားဖြစ်သူက လက်ရှိဆေးကုသမှု ခံယူနေကြောင်း သိရသည်။
သတင်း - ထုဆိုင်း




Comments