top of page

မမုံကိုင်ကျေးရွာတွင် ရွှေလုပ်ငန်းရှင်များက EPC ကို ဓါတ်တိုင်တစ်တိုင်လျှင်သိန်း(၃၀၀)နှုန်းဖြင့်ညှိနိုင်ပြီး ဓါတ်တိုင်များကိုလမ်းမြေသို့ဖက်ရွေ့ခိုင်း

  • Writer: Pajau Media
    Pajau Media
  • Dec 17, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၇ရက်၊ဒီဇင်ဘာ၊၂၀၂၄။



နိုဝင်ဘာလကုန်ပိုင်းတွင် ရွှေလုပ်ငန်းရှင်များက လုပ်ငန်းဆိုဒ်တိုးချဲ့ရန် မမုံကိုင်ကားလမ်းဘေးရှိ ဓါတ်တိုင်တစ်တိုင်လျှင်သိန်း(၃၀၀)ဖြင့် EPC ကိုညှိနိုင်းပြီး ဓါတ်တိုင်များကို လမ်းမြေဖက်ရွေ့ခိုင်းကြောင်း သတင်းရရှိသည်။


"ဓါတ်တိုင်တွေကို လမ်းမြေဖက် (၁၀ )ပေ တိုးပြီးရွေ့ခိုင်းတာ တိုင်တစ်တိုင်ကို သိန်း(၃၀၀)နဲ့ တိုင်(၂၀)ကျော် ရွေ့လိုက်ကြတယ်၊ မမုံကိုင်ကရွှေလုပ်ငန်းရှင်တွေပေါင်းပြီး ရွေ့ခိုင်းတယ်လို့ကြားတယ်၊ရွှေကြောက ကားလမ်းကနေဖြတ်ပြီး အင်းတော်ကြီးအိုင်ဖက်ကို ရွှေကြောထိုးသွားတာလေ ဒါကြောင့်မို့ လမ်းမြေတွေအထိ တဖြေးဖြေးတိုးပြီး တူးလာကြတာ၊လမ်းမြေဖက်တိုးပြီးတူးလို့ရအောင် ဓါတ်တိုင်ရွေ့ကြတာဖြစ်မယ်၊"လို့ မမုံကိုင်ရွာသားတစ်ဦးမှပြောသည်။


အဆိုပါကားလမ်းမှာ ယခင်ကပေ(၄၀)နီးပါးအကျယ်ရှိသော်လည်း အခုအခါ ဓါတ်တိုင်များကို လမ်းမြေပေါ်သို့ရွှေ့ပြောင်းလိုက်သဖြင့် လမ်းကျဉ်းသွားပြီး ကားနှစ်စီးရှောင်ဖို့ရန်ပင်ခက်ခဲသွားကြောင်းသိရသည်။


ရွှေလုပ်ငန်းရှင်များသည် ယခင်နှစ်က မမုံကိုင်ကားလမ်းဘေးရှိ သစ်ပင်တောတန်းကို ခုတ်လှဲပြီး လမ်းမြေပေါ် သွပ်များကာရံကာ ရွှေတူးဖော်ခဲ့ပြီး ယခုနှစ်တွင် လမ်းမြေပေါ်သို့ဓါတ်တိုင်‌များကိုရွှေ့ပြီး လမ်း‌မြေပေါ်နောက်ထပ်( ၁၀)ပေတိုး၍ ရွှေတူးဖော်ရန် ပြင်ဆင်နေကြကြောင်း ဒေသခံများကပြောသည်။


မမုံကိုင်ကျေးရွာရှိ လယ်ယာမြေတစ်ဧကကို ရွှေလုပ်ငန်းရှင်များက သိန်း(၃၅၀၀) မှ သိန်း(၅၀၀၀)အထိပေးပြီးဝယ်ယူနေခြင်းကြောင့် လယ်ယာမြေ ၇၀% မှာရွှေတူးဖော်သည့် လုပ်ကွက်များဖြစ်သွားကြောင်းဒေသခံများ၏ပြောပြချက်အရသိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page