top of page

ယာယီငြိမ်သက်နေသည့် ဗန်းမော်မြို့တွင် လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများ နေ့စဉ်ရှိနေ

  • Writer: Pajau Media
    Pajau Media
  • Jun 26, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၆ရက်၊ဇွန်လ၊၂၀၂၅။



၆လကျော်ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်မြို့သိမ်း တိုက်ပွဲမှာယခင်ကဲ့သို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခြင်းမရှိပေမယ့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းတိုက်ခိုက်မှုများ နေ့စဉ်ဆိုသလို ရှိနေဆဲဖြစ်ကြောင်း ဒေသအတွင်းသတင်းများ တင်ဆက်ပေးနေသော Banmaw Scout Teamထံမှ သိရသည်။


စစ်ကောင်စီတပ်က လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများ နေ့စဉ်ဆိုသလို ပြုလုပ်နေဆဲဖြစ်သည့်အပြင် မြစ်ရေကြီးနေသည့် ကာလဖြစ်သဖြင့် ရေကြီးမှုကိုပါ အခွင့်ကောင်းယူကာ စစ်ကြောင်းထိုးလှုပ်ရှားမှုများ လုပ်ဆောင်နေကြသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။


ထို့အပြင် Y-8/Y-12လေယာဉ်များဖြင့် လက်နက်အင်အား၊ လူအင်အားများ ဖြည့်တင်းနေသည်ကိုလည်း တွေ့ရပြီး၊ ရေကြောင်းမှတစ်ဆင့်လည်း လက်နက်အင်အားနှင့် လူအင်အား ဖြည့်တင်းရန် ကြိုးစားနေကြောင်း သိရသည်။


ထို့ကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျှေက်ရှိ ကျေးရွာများမှ ဒေသခံများအနေဖြင့် သတင်းအချက်အလက်များ နားစွင့်ကာ ပြင်ဆင်သင့်သည်များ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်းလည်း ထပ်မံဖော်ပြထားသည်။


ယခုရက်ပိုင်းအတွင်း ဗန်းမော်တစ်ဖက်ကမ်းရှိ စင့်ကင်ကျေးရွာတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် အရပ်သား(၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။


ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်ဖွဲ့များ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်ဆင်လာသည်မှာ ဇွန်လကုန်ပိုင်းတွင် ၆လကျော်ပြီး ၇လထဲသို့ဝင်ရောက်လာနေပြီဖြစ်သည်။


သတင်း - ထုဆိုင်း


Photo Crd Banmaw Scout Team


Comments


Pajau Media

Thanks for subscribing!

bottom of page