ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံရသူ ၄၀၄ ဦးထိ ရှိလာ
- Pajau Media

- Jan 22
- 1 min read
ပါဂျောင်မီဒီယာ
၂၂ရက်၊ဇန္နဝါရီ၊၂၀၂၆။
စစ်ကောင်စီ၏ ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံရသူ ၄၀၄ ဦးထိ ရှိနေပြီဖြစ်ကြောင်း ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောခဲ့သည်။
ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးထားသူ ၄၀၄ ဦးတွင် အမျိုးသား ၃၂၄ ဦးနှင့် အမျိုးသမီး ၈၀ ဦးတို့ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီက ရွေးကောက်ပွဲဥပဒေကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် ပြဌာန်းခဲ့ပြီး ဥပဒေကျူးလွန်ပါက ထောင်ဒဏ် အနည်းဆုံး ၃ နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်ကြောင်း ဥပဒေ ပုဒ်မများကိုလည်း ပြဌာန်းခဲ့သည်။
လက်ရှိတွင် ရွေးကောက်ပွဲ အပိုင်း ၁ နှင့် အပိုင်း ၂ ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်းနှင့် ကျန်ရှိနေသေးသည့် ရွေးကောက်ပွဲ အပိုင်း ၃ ကိုတော့ လာမည့် ဇန္နဝါရီ ၂၅ ရက်နေ့တွင် ဆက်လက် ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။
သတင်း-ဖရိန်း










Comments