top of page

ရေကြည်ချောင်းဒေသရှိ ဒေသခံ ပြည်သူများကို ဟူးကောင်းဒေသတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီပူးပေါင်းတပ်များက နေရာရွှေ့ပြောင်းခိုင်းနေ

  • Writer: Pajau Media
    Pajau Media
  • May 14
  • 1 min read

ပါဂျောင်မီဒီယာ

၁၄ရက်၊ မေလ၊ ၂၀၂၆။


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရေကြည်ချောင်းဒေသရှိ ဒေသခံ ပြည်သူများကို ဟူးကောင်းဒေသတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီပူးပေါင်းတပ်များက နေရာရွှေ့ပြောင်းခိုင်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။


စစ်ကောင်စီပူးပေါင်းတပ်များက ပြီးခဲ့သည့် မေလ ၉ရက်နေ့ကစပြီး ရေကြည်ချောင်းနှင့် ပေါက်၀ဘက်တွင် နေထိုင်ကြသည့် ပြည်သူများကို အတင်းအဓမ္မ နေရာရွှေ့ပြောင်းခိုင်းနေပြီး မပြောင်းရွှေ့ရင် နေအိမ် မီးရှို့ဖျက်ဆီးမည်ဟု ချိန်းခြောက် ပြောဆိုနေကြောင်း သိရသည်။


ရွှေမှော်နှင့် ပယင်းမှော်များ ရှိသည့် ဟူးကောင်းဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၂)နယ်မြေဖြစ်ပြီး ထို‌ဒေသတွင် KIA ပူးပေါင်းတပ်ဖွဲ့နှင့် မင်းဇေသန့် ပြည်သူ့စစ် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိရာ စစ်တပ်ပူးပေါင်းဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း သိရသည်။


ထို့ကြောင့် စစ်ကောင်စီပူးပေါင်းတပ်များသည် တနိုင်းမြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပြီး ပြည်သူများနေထိုင်သည့် နေရာဒေသများတွင် တပ်စွဲနေထိုင်လိုသောကြောင့် ဒေသခံပြည်သူများကို အတင်းအဓမ္မ နေရာပြောင်းရွှေရန် စေခိုင်းနေတာဖြစ်ကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page