top of page

ရွှေကူဘက် စစ်ရေးတင်းမာနေ

  • Writer: Pajau Media
    Pajau Media
  • 6 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၃၊ဧပြီ၊၂၀၂၆


ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်လာသောကြောင့် KIAပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။


စစ်ကောင်စီက KIA တပ်မဟာ(၁၁) နယ်မြေ ရွှေကူဒေသ ဂျန်မိုင်ဒေသဘက်တွင် ပြီးခဲ့သည့် ဧပြီ ၂၁ ရက် ညနေပိုင်းမှစပြီး စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာကြောင်း သိရသည်။


ထို့အပြင် စစ်တပ်က ဂျန်မိုင် ၅ လမ်းဆုံကျေးရွာတွင် ဝင်ရောက် တပ်စွဲနေရာယူထားသောကြောင့် KIA ပူးပေါင်းတပ်ဖွဲ့ကြား စစ်ရေးဆက်လက်တင်းမာနေကြောင်းလည်း သိရသည်။


လတ်တလောအချိန်တွင် စစ်ကောင်စီက ကချင်ပြည်နယ်ဘက်တွင်လည်း ဆက်တိုက်ဆိုသလို စစ်အင်အားအလုံးအရင်း​ဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်နေကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page