ရွှေကူမြို့တွင် အရေးပေါ်ဆင်းသက်ခဲ့ရသည့် စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို KIA ပူးပေါင်းတပ်မှသွားရောက် ပစ်ခတ်ရှင်းလင်း
- Pajau Media

- May 22, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၂ရက်၊မေလ၊၂၀၂၅။
KIAပူးပေါင်းတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ရွှေကူမြို့တွင် အရေးပေါ်ဆင်းသက်ခဲ့ရသည့် စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို ယမန်နေ့ မေလ၂၁ရက်နေ့ နေ့လည်၂နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့ဘက်က ထပ်မံသွားရောက်ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း ဗန်းမော်ဒေသသတင်းများ တင်ဆက်ပေးနေသော Banmaw Scout Team ထံမှသိရသည်။
မေလ၂၀ရက်နေ့တွင် ဗန်းမော်ဒေသသို့ ထောက်ပို့တက်လာသည့် ရဟတ်ယာဉ်(၃)စီးကို တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ပစ်ခတ်ခဲ့ရာ တစ်စီးမှာ ရွှေကူမြို့နှင့် ၁၅မိုင်အကွာတွင် ပျက်ပျခဲ့ပြီး တစ်စီးမှာ ရွှေကူမြို့ ခလရ(၅၆)တွင် အရေးပေါ်ဆင်းသက်ခဲ့ရာ၊ ယမန်နေ့တွင် ထပ်မံသွားရောက် ပစ်ခတ်ပြီး ပျက်စီးသွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။
အရေးပေါ်ဆင်းသက်ခဲ့သည့် ရဟတ်ယာဉ်အား တော်လှန်ရေးတပ်ဖွဲ့ဘက်မှ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ချိန်တွင် ရဟတ်ယာဉ်အပြင် ရဟတ်ယာဉ်ကို ကာရံထားသည့် ယာဉ်နှစ်စီးကိုလည်း ဖျက်စီးနိုင်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် မေလ၂၀ရက်နေ့က ရွှေကူမြို့အနီးတွင် ပျက်ကျမီးလောင်ကျွမ်းခဲ့သည့် ရဟတ်ယာဉ်နှင့်အတူ စစ်ကောင်စီတပ်သား ရုပ်အလောင်း(၁၆)လောင်း၊ လက်နက်ခဲယမ်းအချို့လည်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ သိမ်းယူရရှိခဲ့ကြောင်း သိရသည်။
သို့သော် စစ်ကောင်စီက ရဟတ်ယာဉ်ပျက်ကျမှုမှာ ဗန်းမော်မြိုသို့ ထောက်ပံ့ရေးပစ္စည်းများ သွားပို့ပြီးအပြန် မီတာ၄၀၀ခန့်အကွာတွင် ရုတ်တရက်စက်ချို့ယွင်းမှုကြောင့် မတော်တဆ ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
သတင်း - ဇော်










Comments