top of page

ရွှေကူမြို့နယ်တွင် စစ်ကောင်စီမှစစ်ရေးလုပ်ရှားမှုများလုပ်ဆောင်လျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Dec 23, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၃ရက်၊ဒီဇင်ဘာ၊၂၀၂၄။



ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် KIA နှင့် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီမှစစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အပြင် ဒေသခံများပိုင်ဆိုင်သည့် နွားခြံများကိုလည်း မီးရှို့ဖျက်စီးနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


စစ်ကောင်စီတပ်ဖွဲ့များက ရွှေကူဒေသခံများ နေထိုင်သည့် ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် စစ်အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လှုပ်ဆောင်နေပြီး၊ လမ်းသွားလမ်းလာဒေသခံများကိုလည်း ၎င်းတို့၏ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ၊ ခြိမ်းခြောက်ပြောဆိုမှုများပါ လုပ်ဆောင်နေကြသည်ဟု ဒေသခံများ ပြောပြချက်မှ ထပ်မံသိရသည်။


ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိပေမယ့် ယခုရက်ပိုင်းအတွင်း ဒေသခံများ၏ နေအိမ်များအတွင်း အဝင်အထွက် သွားလာလှုပ်ရှားမှုများ မကြာခဏ လုပ်နေပြီး၊ ဒေသခံများကိုလည်း KIA/KPDF ပူးပေါင်းတပ်ဖွဲ့များနှင့် အဆက်အသွယ်ရှိမရှိ မေးမြန်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။


ဒေသခံများမှာ အဆိုပါ မေးမြန်းစစ်ဆေးမှုများကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေရပြီး၊ စစ်ကြောင်းထိုးလှုပ်ရှားနေသောကြောင့် သွားလာရေးအတွက်ပါ စိုးရိမ်နေကြရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page