top of page

ရွှေကူမြို့အထွက် ၅ လမ်းဆုံစခန်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်တပ်ထိုးစစ်ဆင်နေ

  • Writer: Pajau Media
    Pajau Media
  • May 19
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊ မေလ၊ ၂၀၂၆။


စစ်ကောင်စီလက်လွှတ်လိုက်ရသည့် ရွှေကူမြို့အထွက် ၅ လမ်းဆုံစခန်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် မေလ ၁၇ ရက်နေ့မှစပြီး ပြန်လည်ထိုးစစ်ဆင်လာသောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲပြန်လည်ဖြစ်နေပြီး စစ်ရေးတင်းမာနေကြောင်း စစ်ရေးသတင်းရင်းမြစ်မှ သိရသည်။


စစ်တပ်က ထို ၅ လမ်းဆုံစခန်းကို ပြန်လည်သိမ်းယူနိုင်ရန်အတွက် စစ်အင်အားအလုံးအရင်းဖြင့် ဆက်လက်ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲမှာလည်း နားလိုက်ဖြစ်လိုက် အခြေအနေမျိုးဖြင့် ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။


ထို ၅ လမ်းဆုံစခန်းနေရာကို ကချင်လွတ်လပ်ရေးဖွဲ့ KIA ပူးပေါင်းတပ်က ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးအပတ်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် တိုက်ပွဲအတွင်း တင့်ကားဖျက် RPG ဗုံးသီး၊ ၄၀ မမ ဗုံးသီး၊ မြေမြှုပ်မိုင်းနှင့် လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိကြောင်းသိရသည်။


စစ်ကောင်စီက မြစ်ကြီးနား-မန္တလေးဗျူဟာလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ထိုလမ်းမကြီးအတိုင်း ကချင်ပြည်နယ်ဘက်ကို စစ်အင်အား လက်နတ်ရိက္ခာများပို့ဆောင်နေပြီး စစ်ကြောင်းထိုးနေကြောင်းသိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page