top of page

ရွှေဈေးနှုန်း သိန်း၅၀ကျော်အထိ မြင့်တက်နေပြီး ဒေါ်လာဈေး ၄၀၀၀ကျော်အထိ မြင့်တက်နေ

  • Writer: Pajau Media
    Pajau Media
  • May 31, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၃၁ရက်၊မေလ၊၂၀၂၄ခုနှစ်။



မေလ ပထမပတ်မှစတင်ပြီး တရိပ်ရိပ်မြင့်တက်လာနေသည့် ပြည်တွင်းရွှေဈေးသည် ယနေ့ မေလ ၃၁ရက်နေ့ နံနက်၁၀နာရီအချိန်ထိ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၅၅ သိန်းကျပ် (၅,၅၅၀,၀၀၀) ကျော်နှင့် အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာအား ငွေကျပ် လေးထောင်ကျော် (၄၄၇၀) အထိ မြင့်တက်နေသည်။


မေလ ၃၀ရက်နေ့ ယမန်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈သိန်းကျော်(၅,၈၂၀,၀၀၀)အထိ မြင့်တက်နေခဲ့ပြီး၊ ယနေ့ ဈေးကွက်စဖွင့်ချိန်တွင် ၅၈သိန်းမှ ၅၅သိန်း၊ ၃သိန်းနီးပါး ကျဆင်းနေခဲ့သည်။


အခေါက်ရွှေဈေးနှုန်းတွေမှာ မေလ ၂၀ရက်တွင် တစ်ကျပ်သားလျှင် ကျပ်သိန်း ၅၀ဝန်းကျင်ရှိနေရာ မေလ ၃၀ရက်နေ့မှာတော့ ၅၈သိန်းကျော်အထိ မြင့်တက်ခဲ့သည်။ ရွှေဈေးနှုန်းနှင့်အတူ ဒေါ်လာဈေးနှုန်းမှာလည်း မေလ၂၀ရက်တွင် တစ်ဒေါ်လာ ၄၀၀၀ကျပ်ဝန်းကျင်ရှိနေရာ ဆယ်ရက်တာကာလအတွင်း ၄၇၀၀ကျပ်အထိ မြင့်တက်လာသည်။


ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်ချက်အရ မေလ ၃၀ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သား သတ်မှတ်ဈေးမှာ သိန်း၄၀ (၃,၉၉၈,၈၀၀) ဝန်းကျင်သာ ဖော်ပြထားပေမယ့် မြေပြင်ဈေးကွက်မှာတော့ ၅၈သိန်းကျော်အထိ ရှိနေသောကြောင့် ၁၈သိန်းခန့် ကွာဟနေသည်။


ယခုကဲ့သို့ ရွှေနှင့် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်း စံချိန်တင် မြင့်တက်နေမှုသည် နိုင်ငံရေးအခြေအနေနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။


ထို့ကြောင့် လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးသည့်အတွက် အချိန်၊ နေရာအလိုက် ရွှေဈေးနှုန်းများ အပြောင်းအလဲ ရှိနိုင်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page