top of page

ရေဘေးကြုံခဲ့ရသည့် ချီဖွေစစ်ရှောင်များ မီးဘေးထပ်မံကြုံနေရပြီး အိမ်တန်းလျားဆောင် မီးလောင်

  • Writer: Pajau Media
    Pajau Media
  • Jul 11, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ရက်၊ဇူလိုင်၊၂၀၂၄။



ကချင်ပြည်နယ်၊ ချီဖွေမြို့ရှိ KBC စစ်ရှောင်စခန်းတစ်ခုတွင် ဝါယာရှော့ခ်ကြောင့် အိမ်ထောင်စု ၉စု စုပေါင်းနေထိုင်သည့် အိမ်တန်းလျားတစ်ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်၃နာရီခွဲအချိန်ခန့်တွင် စစ်ရှောင်များ အိမ်မောကျနေချိန် ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ရှောင်များ၏ အသုံးအဆောင်ပစ္စည်းများအားလုံး မီးလောင်သည့်အထဲ ပါသွားခဲ့သည့်အပြင် အိမ်တန်းလျားအဆောင်လည်း မီးလောင်ပြာကျသွားခဲ့သည်ဟု ဆိုသည်။


မီးလောင်ပြာကျသွားခဲ့သည့် အိမ်တန်းလျားအဆောင်တွင် အိမ်ထောင်စု ၉စုမှ စစ်ရှောင်လူဦးရေ ၄၅ဦးခန့်ရှိပြီး၊ အထိအခိုက်မရှိ လွတ်မြောက်ခဲ့ကြောင်းနှင့် လက်ရှိတွင်စစ်ရှောင်စခန်းဝင်းအတွင်းမှ လွှတ်သည့်အခန်းနေရာများတွင် ယာယီနေထိုင်ရန် လုပ်ဆောင်နေကြကာ၊ အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။


ယင်းစစ်ရှောင်စခန်းမှာ ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးဒုက္ခကြုံတွေ့ခဲ့ရသည့် စခန်းဖြစ်ပြီး ယခုကဲ့သို့ မီးဘေးပါ ထပ်မံကြုံတွေ့ကြရသောကြောင့် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ အခက်အခဲဖြစ်ခဲ့ရသည်ဟု ဆိုသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page