top of page

ရေဘေးဒုက္ခကြုံတွေ့ခဲ့ရသည့် ဂျေယန်စစ်ရှောင်စခန်းအတွင်း သောက်သုံးရေ အရေးပေါ်လိုအပ်

  • Writer: Pajau Media
    Pajau Media
  • Aug 14
  • 1 min read

ပါဂျောင်မီဒီယာ

၁၄ရက်၊ ဩဂုတ်၊ ၂၀၂၅။




နှစ်ကြိမ်အထိ ရေဘေးဒုက္ခကြုံတွေ့ခဲ့ရသည့် KIAဌာနချုပ် လိုင်ဇာဒေသအတွင်းရှိ စစ်ရှောင်စခန်းများတွင် လက်ရှိအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းနှင့် ရှင်းလင်းမှုများ လုပ်ဆောင်နေဆဲဖြစ်သလို ဂျေယန်စစ်ရှောင်စခန်းမှာတော့ သောက်သုံးရေနှင့် သုံးရေ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။


ပြီးခဲ့သည့် ဩဂုတ် ၄ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ရေဘေးက အဆိုးဆုံးဖြစ်ခဲ့ပြီး၊ ရေဘေးကြောင့် စစ်ရှောင်စခန်းအတွင်း သွယ်ယူထားသည့် ရေပိုက်များအားလုံး ပျက်စီးဆုံးရှုံးသွားခြင်း၊ မြေပြိုကျ ထိခိုက်ပျက်စီးမှုများခြင်းကြောင့် အစကနေ ပြန်လည်သွယ်တန်း ပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။


ထို့ကြောင့် ဂျေယာန်စစ်ရှောင်စခန်းအတွင်း လက်ရှိမှာ သောက်သုံးရေနှင့် သုံးရေများ အရေးပေါ်လိုအပ်နေပြီး၊ အလွန်ခက်ခဲနေကြသည်ဟု ဆိုသည်။ ထို့အပြင် စခန်းအတွင်း များပြားသည့် လူဦးရေများလည်း ရှိနေသောကြောင့် သက်ဆိုင်သည့် KIOအစိုးရမှ ကယ်ဆယ်ရေးနှင့် သောက်သုံးရေသန့် အသုံးပြုနိုင်ရန် တင်ပြကာ ပြင်ဆင်လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု ဆိုသည်။


အဆိုပါစစ်ရှောင်များမှာ ရေဘေးအတွင်း နေအိမ်၊ မီးဖိုချောင်သုံး ပစ္စည်းများအပြင် အဝတ်အစား၊ စောင်မှအစ ရေစီးတွင်မျောပါသွားခြင်းကြောင့် အကူအညီမှာ လိုအပ်နေဆဲဖြစ်သည်ဟု ဆိုသည်။


ထို့အပြင် ရေကြီးနေစဉ် လျှပ်စစ်မီးတိုင်းများ ကျိုးကြေပျက်စီးသွားပြီး လိုင်ဇာမြို့တွင်း မီးမရရှိတာ ပြီးခဲ့သည့် ၄ရက်နေ့ကတည်းကဖြစ်ကြောင်းလည်း ထပ်မံသိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page