top of page

ရွှေဘို-မြစ်ကြီးနာကြား ကွင်းလမ်း(၃)နေရာရှိနေဆဲ

  • Writer: Pajau Media
    Pajau Media
  • May 12
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ မေလ၊ ၂၀၂၆။


စစ်ကောင်စီပြန်လည်ထိန်းချုပ်လိုက်သည့် မန္တလေး-မြစ်ကြီးနားဗျူဟာကားလမ်းပိုင်းတွင် ရွှေဘို-မြစ်ကြီးနာကြား ကွင်းလမ်း(၃)နေရာရှိနေဆဲဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။


စစ်ကောင်စီသည် ထီးချိုင့်-ကသာ ဒေသကို ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် မေလ(၉)ရက်နေ့မှ စတင်ပြီး နှစ်ရှည်ကြာပိတ်ထားသည့် မန္တလေး-မြစ်ကြီးနားဗျူဟာကားလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ထိန်းချုပ်လိုက်ကြောင်း သိရသည်။


သို့သော် စစ်ကောင်စီပြန်လည်ထိန်းချုပ်လိုက်သည့် မန္တလေး-မြစ်ကြီးနားဗျူဟာကားလမ်းပိုင်းတွင် မန္တလေး- ရွှေဘို ဗျူဟာလမ်းတိုင်းသွားလာလို့ရနေသော်လည်း ရွှေဘို-မြစ်ကြီးနာကြားတွင်မူ ကွင်းလမ်း(၃)နေရာရှိနေဆဲဖြစ်ကြောင်း သိရသည်။


မန္တလေး-မြစ်ကြီးနားဗျူဟာကားလမ်းပိုင်းအားလုံးကို အမြန်ဆုံးပြန်လည်ဖွင့်စေရန် လိုလားကြောင်းနှင့်ဗျူဟာကားလမ်းပိုင်းအားလုံးပြန်လည်ဖွင့်ပါက ကချင်ပြည်နယ်တွင် ကုန်စျေးနှုန်းများ အနည်းငယ်ပြန်လည်ကျဆင်းလာနိုင်ကြောင်း မြစ်ကြီးနား ဒေသခံများပြောဆိုနေကြသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page