ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်း စစ်ရေးအရှိန်ကြောင့် ကားရာချီ ပိတ်မိနေ
- Pajau Media

- 1 day ago
- 1 min read
ပါဂျောင်မီဒီယာ
၂၆ရက်၊မေလ၊၂၀၂၆

ရွှေဘို - မြစ်ကြီးနားဗျူဟာလမ်းပိုင်းရှိ ထီးချိုင့်-ကသာ-အင်းတော်-မော်လူးတို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး လမ်းပိုင်းပိတ်ပင်ထားမှုကြောင့် ထိုဗျူဟာလမ်းပိုင်းတွင် ကားရာချီ ပိတ်မိနေကြောင်း ကားသမားများထံမှ သိရသည်။
လက်ရှိ စစ်ရေးအခြေအနေကြောင့် ရွှေဘို - မြစ်ကြီးနားဗျူဟာလမ်းပိုင်းရှိ ဖြတ်သန်းသွာလာခွင့်ကို ယာယီပိတ်ပင်လိုက်ပြီး၊ ကုန်ကားများနှင့် ခရီးသွားပြည်သူများ ပိတ်မိနေသည်မှာ တပတ်ခန့်ရှိလာပြီဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းအချိန်မှစပြီး တော်လှန်ရေးတပ်များ ထိန်းချုပ်ထားခဲ့သည့် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းရှိ ထီးချိုင့်-ကသာ-အင်းတော်-မော်လူးဒေသကို ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲမှာလည်း မကြာခဏဖြစ်လေ့ရှိကြောင်း သိရသည်။
ထို့ကဲ့သို့ စစ်ရေးအခြေနေများကြောင့် ရွှေဘို - မြစ်ကြီးနားဗျူဟာလမ်းပိုင်း သွားလာအသုံးပြုမှုများကို ယာယီပိတ်လိုက်ကြောင်း နှစ်ဖက်စစ်တပ်များမှ ထုတ်ပြန်ခဲ့သည်။
ယခုကဲ့သို့ လမ်းကြောင်းပိတ်ပင်ခြင်းကြောင့် ကချင်ပြည်နယ်တွင် စားသောက်ကုန်များအပြင် လူသုံးကုန်အမျိုးမျိုး -စျေးအဆမတန်မြင့်တက်လာမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။
သတင်း-ဖရိန်း




Comments