ရှမ်းနီတပ်စခန်း၂ခုကို KIAပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်
- Pajau Media

- Apr 27
- 1 min read
ပါဂျောင်မီဒီယာ
၂၇ရက်၊ ပြေီ၊ ၂၀၂၆။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အုန်းစံဆိုင်ကျေးရွာတွင် အထိုင်ချထားသည့် ရှမ်းနီ (SNA) တပ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ရှမ်းနီတော်လှန်ရေးတပ်(SSIA)တို့ ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။
အုန်းစံဆိုင်ကျေးရွာတွင်ပြီးခဲ့သည့် ဧပြီ(၂၃)ရက် ညနေ(၄)နာရီကျော်အချိန်မှစပြီး KPDF+SSIA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီလက်အောက်ခံ SNAတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောငိး သိရသည်။
နှစ်ဖက်ထိတွေ့ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေချိန် ကျေးရွှာအတွင်း လက်နတ်ကြီးပေါက်ကွဲသံများလည်း ဆက်တိုက်ကြားနေရကြောင်း သိရသည်။
ထို့အပြင် KIA ပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဧပြီ ၂၃ရက်နေ့တွင် ကချင်ပြည်နယ် ရွှေကူမြို့ ၅လမ်းဆုံနေရာရှိ စစ်တပ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments