top of page

ရှမ်းနီပြည်သူ့စစ်မှ ဖမ်းဆီးသွားသောကျောင်းဆရာ ၂လကျော်ကြာလာသော်လည်းမိသားစုနှင့်အဆက်အသွယ်မရ

  • Writer: Pajau Media
    Pajau Media
  • Dec 13, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၃ရက်၊ဒီဇင်ဘာ၊၂၀၂၄။




အင်းတော်ကြီး ချောင်းဝတွင် အဆောင်ဖွင့်ထားသည့် ကျောင်းဆရာကို စက်တင်ဘာ ၁၄ရက်နေ့တွင် ရှမ်းနီပြည်သူ့စစ်မှ ဖမ်းဆီးသွားသည်မှာ ၂လကျော်ကြာလာသော်လည်း ယခုအချိန်အထိသတင်းအစအနမရသေးကြောင်း နီးစပ်ရာ ဆွေမျိုးများထံမှသိရသည်။


ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရသော ကျောင်းဆရာမှာ အသက်(၅၅)နှစ်အရွယ် ဦးသန့်ဇင်ဦး ဆိုသူဖြစ်ပြီး မိုးညှင်းသို့ နို့ချဉ်သွားပို့ပြီးအပြန် နန့်မွန်း အောင်မြေဂိတ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း မျက်မြင်‌တွေ့ရှိခဲ့သူ အိမ်နီးချင်းမှပြောသည်။


ဖမ်းဆီးထားသည့်နေရာသို့ လိုက်လံစုံစမ်းကြည့်သော်လည်း ယခုအချိန်ထိအဆက်အသွယ်မရသေးကြောင်း ၎င်း၏ဆွေမျိုးများကပြောသည်။


ဦးသန့်ဇင်ဦးတွင်သား ၂ယောက်ရှိပြီး ဇနီးဖြစ်သူမှာ လက်ရှိအချိန်ထိ ချောင်းဝ စာသင်ကျောင်းတွင် တာဝန်ကျနေသော အစိုးရကျောင်းဆရာမ ဒေါ်စိုးစိုးနွယ်ဖြစ်သည်။


နိုဝင်ဘာလကုန်တွင် ဦးသန့်ဇင်ဦးသေဆုံးသွားပြီဆိုသော ကောလဟာလသတင်း ပြန့်လွှင့်မှုရှိခဲ့သော်လည်း အတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။ ဦးသန့်ဇင်ဦးသည် NLD အစိုးရလက်ထက်တွင် ချောင်းဝ NLD ဥက္ကဌအဖြစ် ရာထားခြင်းခံရသူဖြစ်သောကြောင့် ရှမ်းနီပြည်သူ့စစ်မှ ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ချောင်းဝရွာခံများကဝေဖန်ပြောဆိုနေကြသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page