top of page

ရွှေ ၃ ပိသာနီးပါး လုယက်ထွက်ပြေးသွားသည့် တရားခံများ ထွက်ပြေးလွှတ်မြောက်နေဆဲ

  • Writer: Pajau Media
    Pajau Media
  • Nov 29, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၉ရက်၊နိုဝင်ဘာ၊၂၀၂၄။



ပူတာအိုမြို့နယ်၊ ကောင်ကထောင်ကျေးရွာတွင် ရွှေ ၃ပိသာနီးပါး ဓားပြတိုက်လုယက်ထွက်ပြေးသွားသူများမှာ ယခုအချိန်အထိ လွှတ်မြောက်နေဆဲဖြစ်ပြီး တရားခံများအား ဝိုင်းဝန်းကူညီ သတင်းပေးပါရန် တာဝန်ရှိသည့် ဒေသရဲစခန်းတပ်ဖွဲ့နှင့် ရွှေဆိုင်တာဝန်ရှိသူများမှ စာဖြင့် ထုတ်ပြန်အသိပေးထားကြောင်း သိရသည်။


ထုတ်ပြန်ချက်ထဲတွင် ထွက်ပြေးလွှတ်မြောက်နေသည့် တရားခံများနှင့် ပတ်သက်ပြီး တိကျသေချာစွာ သတင်းပေးနိုင်လျှင် ကျပ်ငွေသိန်း(၁၀၀) ချီးမြင့်မည်ဖြစ်ကြောင်း၊ တရားခံနှင့် ရွှေထည်ပစ္စည်းထည်များ ဖမ်းဆီးပေးနိုင်လျှင် ကျပ်ငွေသိန်း(၁၀၀၀) ချီးမြင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။


ပူတာအိုဒေသတွင် ယခင်က ယခုကဲ့သို့ ဖြစ်စဉ်မျိုး မရှိသလောက်ရှားပါးခဲ့ပေမယ့် အားသိမ်းပြီးနောက် ပူတာအိုဒေသတွင် ရွှေမှော်ပေါများလာကာ မူးယစ်ဆေးဝါးသုံးစွဲသူ များပြားလာသောကြောင့် ယခုကဲ့သို့ ဓားပြတိုက်မှုဖြစ်စဉ် ရှိလာပြီး တိုင်းပြည်အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုဒေသတွင် လမ်းသွားလမ်းလာမှအစ သတိဖြင့် သွားလာကြရကြောင်း သိရသည်။


ပြီးခဲ့သည့် နိုဝင်ဘာ၂၄ရက်နေ့ ရွှေ ၃ပိသာ လုယက်ခံရသည့် ဇမ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင်က သူ၏ကားတွင် လိုအပ်သည့်ပစ္စည်းများ ထည့်သွင်းသိမ်းဆည်းပြီး ဆိုင်သို့သွားရန် ပြင်ဆင်နေချိန် ပစ္စည်းမေ့ကျန်ခဲ့သောကြောင့် ခေတ္တအိမ်သို့ ပစ္စည်းဝင်ယူချိန် တရားခံများက ကားမောင်းတင်ပြေးသွားခြင်းဖြစ်ကြောင်း၊ နောက်နေ့တွင် ကားကို ပြန်ရယူခဲ့ပေမယ့် ရွှေနှင့်ငွေတွေကိုတော့ မရခဲ့ကြောင်း သိရသည်။


အဆိုပါ သူခိုးတရားခံများကို ဖမ်းဆီးရမိချိန်အထိ အားလုံးဝိုင်းဝန်းကူညီပေးရန် စာစောင်ဖြန့်ဝေထားပြီး ဆက်လက်ရှာဖွေနေကြောင်း ပူတာအိုဒေသခံများ ပြောပြချက်အရ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page