top of page

ရက်ပေါင်း၂၀ကျော်အတွင်း ပြည်သူပေါင်း ၁၉ဦးသေဆုံး

  • Writer: Pajau Media
    Pajau Media
  • Apr 22
  • 1 min read

ပါဂျောင်မီဒီယာ

၂၂ရက်၊ ဧပြီလ၊ ၂၀၂၆။



မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၁ရက်နေ့မှ ၂၁ ရက်နေ့ထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ‌စောင့်ရှောက်ရေးအသင်း(AAPP) ၏ ‌ထုတ်ပြန်ချက်မှသိရသည်။


သေဆုံးသူ‌ထဲတွင် အမျိုးသမီး (၈)ဦး၊ အမျိုးသား (၁၁)ဦး စုစု‌ပေါင်း(၁၉) ဦး သေဆုံးခဲ့ပြီး ထိုထဲတွင် အသက်မပြည့်သေးသည့် ၁၈ နှစ်အောက် ကလေးငယ်နှစ်ဦးလည်း ပါဝင်၍ ထိုသေဆုံးသူတွေကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်းသိရသည်။


ထိုသေဆုံးသူထဲတွင် ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် (၅) ဦး စီဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်သည်။


ထို့အပြင် အဆိုပါကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၅၂) ဦးကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်နေကြောင်းသိရသည်။


ဧပြီလ ၁၈ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုသည် လေကြောင်းဖြင့် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ်အတွင်း ကျရောက်ပေါက်ကွဲကာ မိသားစုများဖြစ်ကြသည့် ကိုဇော်ဝင်းဗိုလ်၊ မမေရီဌေးနှင့် သူတို့၏ ခုနစ်နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page