လူကြီးခရီးစဉ်ကြိုဆိုရန် လုံခြုံရေး ယူထားသည့် စစ်သားထံမှ ဗုံးပြုတ်ကျ ပေါက်ကွဲသောကြောင့် အနီးတ၀ိုက်ရှိ ပြည်သူများ မတရားဖမ်းဆီးခံရ
- Pajau Media

- Apr 4, 2025
- 1 min read
ပါဂျောင်မီဒီယာ
၄ရက်၊ဧပြီလ၊၂၀၂၅။

မိုးညှင်းမြို့လယ်ခေါင်မှ ဆန်းသစ်စတိုးအရှေ့တွင် ယနေ့ နေလည်၁၂နာရီအချိန်ခန့်က လူကြီးခရီးစဉ်ကြိုဆိုရန် လုံခြုံရေး ယူထားသည့် စစ်သားထံမှ ဗုံးပြုတ်ကျ ပေါက်ကွဲသောကြောင့် အနီးတဝိုက်ရှိ ပြည်သူတွေများ မတရားဖမ်းဆီးခံခဲ့ရကြောင်း အခင်းဖြစ်သည့် နေရာအနီးရှိ မြို့ခံများ ပြောပြချက်အရသိရသည်။
"မနက်အစောပိုင်းကတည်းက လူကြီးခရီးစဉ်ရှိလို့ဆိုပြီး စစ်သားတွေအများကြီး ရှုပ်ရှပ်ခတ်နေတာဘဲ ။ဆန်းသစ်စတိုး၊ သံတံတားနဲ့ ဈေးတဝိုက်မှာ စစ်သားတွေ စောင့်နေကြတာ၊ နေ့လည်၁၂နာရီလောက်မှာ စစ်သားတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ချိတ်ထားတဲ့ လက်ပစ်ဗုံးပြုတ်ကျပြီး ကွဲတာကို မဆီမဆိုင် အနီးနားက လူငယ်သုံးယောက်ကို ဖမ်းသွားတယ်။" ဟုအနီးနားရှိမြို့ခံတစ်ဦးမှ သိရသည်။
ဗုံးပေါက်ကွဲမှုကြောင့် စစ်သားတစ်ချို့နှင့်အမျိုးသမီးတဦး ထိခိုက်သွားကြောင်း သိရသည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက်တွင် ကင်းပုန်းဝပ်နေပုံရသည့် စစ်တပ်လက်အောက်ခံဟု ယူဆရသည့် လက်နက်ကိုင်အဖွဲ့များ ရောက်လာပြီး သေနတ်နှင့်ပစ်ခတ်ကာ လူဖမ်းဆီးမှုတွေ ပြုလုပ်သွားသည်ဟု ဆိုသည်။
စစ်တပ်ကလမ်းမတွေကို ဝါးလုံးတားပြီး သေနတ်ပစ်ခတ်ဖမ်းဆီးမှုတွေကြောင့် ပြည်သူ အယောက်၅၀လောက် ပါသွားကြောင်း သတင်းတွေထွက်နေပေမယ့် အတိအကျမသိရပေ။ ထို့ကြောင့် ဆိုင်ခန်းများပိတ်ပင်သွားပြီး လူသွားလူလာ ကျဲသွားကြောင်းလည်း မြို့ခံများကဆိုသည်။ ထို့အပြင် ဒီနေ့ညဦးပိုင်းတွင်လည်း စစ်သားများအပြည့်တင်ထား သည့် စစ်ကားများမှ မြို့ပတ်ကာ ကင်းလှည့်နေသည်ဟု မြို့ခံများက ပြောသည်။
ယခုခုရက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့များမှာ စစ်သားစုဆောင်းရေးများ ခပ်စိပ်စိပ်လုပ်ဆောင်နေသောကြောင့်မိုးညှင်းလူငယ်များသွားလာရေးဂရုစိုက်နေရကြောင်းသိရသည်။
သတင်း- ကချင်ပြည်သား




Comments