top of page

လေကြောင်းပစ်ခတ်မှု စိုးရိမ်သောကြောင့် ကံပိုင်တည်စစ်ဘေးရှောင်များ နေရပ်ရင်းကို မပြန်နိုင်သေး

  • Writer: Pajau Media
    Pajau Media
  • Nov 28, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၈ရက်၊နိုဝင်ဘာ၊၂၀၂၄။



ကုန်သွယ်ရေးမြို့ဖြစ်သည့် ကံပိုင်တည်မြို့ကို KIA ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည်မှာ တစ်ပတ်ခန့် ကြာမြင့်လာပြီဖြစ်ပေမယ့် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများ နေရပ်မပြန်နိုင်သေးကြောင်းသိရသည်။


လက်ရှိ ကံပိုင်တည်မြို့တွင် KIO အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီး၊ လျှပ်စစ်မီးပါ ရရှိနေပြီဖြစ်သည်။ သို့သော် စစ်ကောင်စီက KIAသိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသောကြောင့် နေရပ်ရင်းကို မပြန်ရဲနိုင်သေးကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ၂၆ရက်နေ့တွင်လည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဝိုင်းမော်-ဝါရှောင်ကျေးရွာတွင် လေယာဉ်နှင့် ဒရုန်းဖြင့် လာရောက်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း ဝါရှောင်ကျေးရွာရှိ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီးဖြစ်သောကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။




ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဝိုင်းမော်ဒေသသို့ စစ်အင်အားတိုး စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေခဲ့သည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝိုင်းမော်မြို့အနီးဝန်းကျင်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page