top of page

လေကြောင်းရန်ကြောင့် ပိတ်ပင်ထားသည့် KIOအစိုးရ ကျောင်းများ ပြန်လည်ဖွင့်လှစ်

  • Writer: Pajau Media
    Pajau Media
  • Oct 14, 2025
  • 1 min read

ပါဂျောင်မီီဒယာ

၁၄ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


စစ်ကောင်စီက KIAထိန်းချုပ်ဒေသများတွင် လေယာဉ်ဗုံးဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ယာယီပိတ်ပင်ထားသည့် KIOအစိုးရကျောင်းများ အောက်တိုဘာ ၁၃ရက်နေ့စတင်ကာ ပြန်လည်ဖွင့်လှစ် သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။


“ဆဒုံးကို လေယာဉ်လာပစ်ခတ်ကတည်းက ဂါးရာယန်၊ ကဇူး၊ ဒဘတ်က KIOစိုးရကျောင်းတွင် ယာယီပိတ်လိုက်တာ။ မနေ့ကစပြီး ပြန်ဖွင့်နေပြီ။ စိုးရိမ်ရတာတော့ ရှိသေးပေမယ့် ကလေးငယ်တွေ ပညာရေးအတွက်ဆိုတော့ ပြန်ဖွင့်တယ်။” ဟု ဒဘတ်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။


စစ်ရှောင်များ နေရပ်ရင်းကို ပြန်လည်ထူထောင်ပြီးကတည်းက ဒဘတ်ကျေးရွာတွင် KIOအစိုးရကျောင်းအဖြစ် ၇တန်းအထိ ဖွင့်လှစ်သင်ကြားနေသလို ဂါးရာယန်ကျေးရွာတွင် ဆယ်တန်းအထိ တိုးမြင့်သင်ကြားနိုင်ခဲ့ကြောင်း သိရသည်။


စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နေရာများတွင် မြေပြင်စစ်ကြောင်းထိုး လှုပ်ရှားမှုများ မရှိသော်လည်း လေကြောင်းမှ လေယာဉ်ဗုံး လာရောက်ပစ်ခတ်မှုများ ပြုလုပ်သည့်အပြင် လူအများစုဝေးတတ်သည့် စာသင်ကျောင်း၊ ဘုရားကျောင်း စသည့် နေရာများတွင် လာရောက်ပစ်ခတ်တတ်သည်ဟု ဆိုသည်။


ယခုရက်ပိုင်းအတွင်း ဝိုင်းမော်-လမြန်ဒေသဘက်ကိုလည်း နေ့စဉ်နီးပါး လေယာဉ်ဗုံးများ လာရောက်ပစ်ခတ်နေသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page