top of page

လုံးခင်းကျေးရွာတွင် ယနေ့ထိ စစ်ရေးပြင်းထန်ပြီး လေကြောင်းတိုက်ခိုက်နေဆဲ

  • Writer: Pajau Media
    Pajau Media
  • May 8
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊မေလ၊၂၀၂၆။


လက်ရှိ စစ်ရေးတင်းပြင်းထန်ဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် စစ်ကောင်စီမှ ယနေ့ မေလ ၈ရက်နေ့ နံနက်ပိုင်းအချိန်မှစပြီး လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိပါသည်။


ယနေ့ မေလ ၈ရက် နံနက် ၁၀နာရီခန့်အချိန်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ မလောင်မှော်အတွင်းရှိ "မြဥယျဉ်" ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်ဆိုက်နေရာအပြင် မှော်စီစာဘုရားကုန်း၊ သာယာကုန်းနှင့် မလောင်မှော်အနီးတစ်ဝိုက်တွင်လည်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။


ထိုစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတွင်း နေအိမ်ထိခိုက်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိနေကြောင်း သိရသည်။


စစ်ကောင်စီသည် လတ်တလော ဖားကန့်‌ဒေသဘက်ကို မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် ဒေသတွင်း မှိုင်းထောင်ထားမှု၊ လက်နတ်ကြီးပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page