လုံးခင်းကျေးရွာ ထောင်မှိုင်းကြောင့် ပြည်သူ၃ဦး ထိခိုက်သေဆုံး
- Pajau Media

- May 8
- 1 min read
ပါဂျောင်မီဒီယာ
၈ရက်၊မေလ၊၂၀၂၆။

ဖားကန့်ဒေသတွင် ထောင်မှိုင်းပေါက်ကွဲလာသောကြောင့် ပြည်သူ၃ဦး ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။
မေလ၇ရက် ၁၀နာရီ၃၀မိနစ်အချိန်ခန့်တွင် ဖားကန့်-လုံးခင်းလမ်းဆုံတွင် ထောင်ထားသည့် မှိုင်းပေါက်ကွဲသွားပြီး ၄နှစ်အရွယ်ကလေးငယ်တစ်ဦး အသက်သေဆုံးကာ နောက်ထပ်ပြည်သူ၂ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။
အဆိုပါမှိုင်းက စစ်ကော်မရှင်တပ်မှ ထောင်ထားသည့် မှိုင်းဖြစ်ပြီး အသက်သေဆုံးခဲ့ရသည့် ကလေးငယ်မှာ လုံးခင်းကျေးရွာကဖြစ်သလို ပြည်သူ၂ဦးလည်း ပြင်းထန်ထိခိုက်ဒဏ်ရာရခဲ့ကြသည်ဟု ဆိုသည်။
ဖားကန့်ဒေသတွင် လတလော KIAပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေပြီး၊ စစ်ကော်မရှင်က လက်နက်ကြီး ဆက်တိုက်ရမ်းသမ်း ပစ်ခတ်နေသည့်အပြင် ပြည်သူထိခိုက်သေဆုံးမှုလည်း မကြာခဏ ဖြစ်ပွားနေသည်။
ထို့အပြင် ဖားကန့်ဒေသတွင်း စစ်ကော်မရှင်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များက ပြည်သူများ၏ ပိုက်ဆံ၊ကျောက်စိမ်း၊ ဆိုင်ကယ်၊ မော်တော်ကား စသည့် တန်ဖိုးကြီးပစ္စည်းများကိုလည်း ယင်းတို့စိတ်ကြိုက် လုယူသိမ်းပိုက်နေသည်ဟု ဆိုသည်။
သတင်း - ထုဆိုင်း




Comments