လုံးခင်းကျေးရွာ လက်နက်ကြီးကြောင့် နေအိမ်၁လုံးနှင့် ပြည်သူ၅ဦး ထိခိုက်သေဆုံး
- Pajau Media

- May 18
- 1 min read
ပါဂျောင်မီဒီယာ
၁၈ရက်၊ မေလ၊ ၂၀၂၆။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် နေအိမ် ၁ လုံးမီးလောင်ပြီးပျက်စီးခဲ့သည့်အပြင် အမျိုးသမီး ၃ဦး သေဆုံးကာ နောက်ထပ်ပြည်သူ ၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယမန့်နေ့ မေလ ၁၇ရက်မနက် ၁၁ နာရီခန့်မှ စပြီး ဗျူဟာကုန်းနေရာမှ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်လေ့ရှိရာ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် လုံးခင်းကျေးရွာအုပ်စု ရပ်ကွက်(၄)အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လုံးခင်း ရပ်ကွက် ၄ ရှိ နေအိမ် ၁ လုံးကို ထိမှန်ကာ မီးလောင်ခဲ့ကြောင်းနှင့် နေအိမ်တွင် နေထိုင်သည့်ပြည်သူ ၅ ဦးလည်းထိခိုက် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို ထိခိုက်သေဆုံးသူများကို ဒေသခံများနှင့် လူမှုရေးအဖွဲ့များက သယ်ဆောင်သွားပြီး ဒဏ်ရာရသူ ၂ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ဖားကန့်မြို့နယ်ဘက်ကို ဆက်တိုက်စစ်ကြောင်းထိုးဝင်ရောက်နေသောကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပြီး ဒေသခံပြည်သူများ သတိထားသွားလာနေထိုင်ကြရန် ကချင်လွတ်လပ်ရေးတပ်များက သတိပေးထားသည်။
သတင်း-ဖရိန်
း




Comments