လိုင်ဇာဒေသ မိုးများသောကြောင့် ရေကြီးရေလျှံ ထပ်မံဖြစ်ပွားနေ
- Pajau Media

- Aug 11, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၁ရက်၊ ဩဂုတ်၊ ၂၀၂၅။
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လိုင်ဇာချောင်းရေကြီးလာပြီး မြို့တွင်းစိမ့်၀င်နေသဖြင့် သွားလာရေးခက်ခဲပြီး ပြည်သူများစိုးရိမ်နေကြကြောင်း သိရသည်။
" လိုင်ဇာဒေသ မိုးဆက်တိုက်ရွာနေတာ တစ်လနီးပါးရှိပြီ၊ ရှေ့ပတ်က မိုးအပြင်းဆုံးရွာတာ။ ဒီမနက် ၁၀နာရီကနေ ၀ေကြိုင်ဘက်က တောင်ကျရေကြီးလာပြီး၊ မြေနိမ့်ပိုင်းတွေမှာရေ၀င်နေတယ်။" ဟု လိုင်ဇာဒေသခံတစ်ဦးက ပြောသည်။
လက်ရှိမှာတော့ ၀ေကြိုင်၊ ခါ့ကျန်၊ လိုင်ဇာရပ်ကွက် ၃နှင့်၅တို့တွင် ရေ၀င်နေသောကြောင့် သွားလာရေးအလွန်ခက်ခဲနေသည်ဟု ဆိုသည်။
ဒေသခံများ ပြောဆိုချက်အရ လိုင်ဇာချောင်းမှာ တရုတ်နယ်စပ်တွင် တည်ရှိပြီး၊ တောင်ကျချောင်းရေများ ပေါင်းဆုံရာဖြစ်သောကြောင့် မိုးများလျှင် ရုတ်တရက် ရေကြီးလာတတ်သည့် ချောင်းဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၄ ရက်နေ့တွင်လည်း မိုးများသောကြောင့် ဂျေယန်ချောင်းရေကြီးလာပြီး ပြည်သူနေအိမ်(၄၀၀)ကျော် ရေဘေးကြုံတွေ့ခဲ့ရပြီး၊ ပြည်သူ ၆ ဦး သေဆုံးခဲ့ရကာ လမ်းအများအပြား ပျက်စီးခဲ့ရသည်။
သတင်း - ပီလမ့်အူ










Comments