top of page

လိုင်ဇာ-မိုင်ဂျာယာန်ကားလမ်းပိုင်း ပျက်စီးသောကြောင့် ကားသမားများ ခက်ခဲနေကြောင်းပြော

  • Writer: Pajau Media
    Pajau Media
  • Aug 7, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၇၊ ၈၊ ၂၀၂၄။



KIOထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့နှင့် မိုင်ဂျာယာန်မြို့သွား ကားလမ်းမကြီးတွင် ကားလမ်းမြေပြိုပျက်စီးသောကြောင့် လမ်းပန်းဆက်သွယ် ရေးကို ခက်ခက်ခဲခဲသွားလာနေကြရသည်ဟု ယင်းကားလမ်းတွင် ပြေးဆွဲသည့် ကားသမားများထံမှ သိရသည်။


လိုင်ဇာ-မိုင်ဂျာယာန်ကားလမ်းသည် ပြီးခဲ့သည့် ဇူလှိုင်လကတည်းက မိုးများသောကြောင့် တောင်ပြို၊ကမ်းပြိုဖြစ်ပြီး ကားလမ်းပိုင်းများ အက်ကြောင်းဖြစ်ကာ ပျက်စီးခဲ့ရသည့်အပြင် ကားသမားများမှာ ခက်ခက်ခဲခဲ သွားလာနေကြရသည်ဟု ပြောသည်။


“အရင်က လိုင်ဇာ-မိုင်ဂျာယာန်ကို မနက်အစောကြီးသွားရင် မိုင်ဂျာယာန်ကို အစောကြီးရောက်တယ်။ အခုက လမ်းခရီးကြမ်းတာထက် တောင်ပြို၊ကမ်းပြိုလို့ လမ်းကပိုပျက်စီးထားတော့ အစောကြီးမရောက်တော့ဘူး။ ညမှ ရောက်တာ၊ တစ်ခါတစ်လေ ညအိပ်မှ ရောက်တာလည်း ရှိတယ်။” ဟု ကားသမားတစ်ဦးက ပြောသည်။


လိုင်ဇာမြို့မှ ဒွမ်ဘုံစစ်ရှောင်စခန်းနှင့် မိုင်ဂျာယာန်မရောက်မီ အင်ခေါင်းပါစစ်ရှောင်စခန်းအထိ ကားလမ်းပိုင်းမှာ မိုးများသောကြောင့် လမ်းအပျက်အစီး ပိုမိုကြမ်းတမ်းခဲ့ကြောင်းနှင့် ယင်းလမ်းပိုင်းမှာလည်း လိုင်ဇာမြို့နှင့် မိုင်းဂျာယာန်မြို့သို့ ပြေးဆွဲသည့် အဓိကမိန်းလမ်းတစ်ခုလည်း ဖြစ်သည်။


ဒေသခံများမှာ သက်ဆိုင်သည့်အစိုးရမှ လမ်းပန်းဆက်သွယ်ရေးကို ပိုမိုအဆင်ပြေအောင် တာဝန်ယူဆောင်ရွက်စေလိုနေကြသော်လည်း၊ ပြင်ဆင်ဆောင်ရွက်ပေးခြင်း မရှိသေးသောကြောင့် ခက်ခက်ခဲခဲ သွားလာနေကြရဆဲ ဖြစ်သည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page