top of page

လိုင်ဇာ-မိုင်ဂျာယန်နှင့် လိုင်ဇာ-ဂါးရာယာန်-မြို့သစ် ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲနေ

  • Writer: Pajau Media
    Pajau Media
  • May 18
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊မေ၊၂၀၂၆။




ကချင်ပြည်နယ်၊ KIO/KIA ဌာနချုပ်မြို့ဖြစ်သည့် လိုင်ဇာမြို့မှတဆင့် မိုင်ဂျာယာန်၊ ဂါးရာယာန် နှင့် မြို့သစ် စသည့်မြို့များသို့ ခရီးသွားပြည်သူများ သက်တောင့်သက်သာဖြင့် ခရီးသွားလာနိုင်ရန် ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။


မေလ ၁၆ ရက်နေ့မှစ၍ ဘတ်စ်ကားလိုင်းများကို သတ်မှတ်ချိန်အတွင်း စတင်ပြေးဆွဲခဲ့ပြီး၊ ယခုကဲ့သို့ KIO အစိုးရမှ ခရီးသွား ဘတ်စ်ကားလိုင်းများ ပြေးဆွဲရန် စီစဉ်ပေးမှုသည် ဒေသတွင်းခရီးသွားလာသော ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရန် ဖြစ်သည်ဟု ဆိုသည်။


ကချင်ပြည်နယ်တွင် စစ်တပ် နှင့် KIA ကြား တကြော့ပြန်တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း လိုင်ဇာမြို့ အဝင်အထွက် လမ်းများအားလုံးကို စစ်တပ်မှ ပိတ်ဆို့ခဲ့ခြင်းကြောင့် လိုင်ဇာမြို့မှ တဆင့် အခြားသော မြို့များသို့ ခရီးသွားလာရန် ခက်ခဲခဲ့ရသည်။


ယခုကဲ့သို့ ဒေသတွင်း ခရီးသွား ဘတ်စ်ကားလိုင်းများ ပြေးဆွဲနိုင်ရန် KIO အစိုးရမှ စီစဉ်ပေးခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပြီး၊ ပြည်သူများ ကုန်စည်ရောင်းဝယ်ရေးနှင့် ခရီးသွားလာရေးအတွက် အကျိုးဖြစ်ရသည်ဟု ဒေသခံများက ပြောဆိုကြသည်။


လိုင်ဇာမြို့ မှ မိုင်ဂျာယာန်မြို့သို့ ဘတ်စ်ကားဖြင့် ခရီးသွားရန် တစ်ဦးလျှင် တရုတ်ယွမ်ငွေ (၂၀၀ ¥) ပေးချေရမည်ဖြစ်ပြီး လိုင်ဇာမြို့မှ ဂါးရာယာန် နှင့် မြို့သစ်သို့ ခရီးသွားရန်မှာ တစ်ဦးလျင် ကျပ်ငွေ တစ်သောင်းကျပ် ပေးဆောင်ရမည်ဟုသိရသည်။


သတင်း - ထုဆိုင်း

Video-Fb


Comments


Pajau Media

Thanks for subscribing!

bottom of page