top of page

လိုင်ဇာမြို့အနီးရှိ ဆွတ်မူအောင်ရေတံခွန်တွင် တက္ကသိုလ်ကျောင်းသားတစ်ဦး ရေနစ်သေဆုံး

  • Writer: Pajau Media
    Pajau Media
  • Apr 22, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၂ရက်၊ဧပြီလ၊၂၀၂၅။




တရုတ်နယ်စပ် လိုင်ဇာမြို့အနီးရှိ ဆွတ်မူအောင်ရေတံခွန်တွင် ယမန်နေ့က ဗန်းမော်မှလာသည့် တက္ကသိုလ်ကျောင်းသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။


သေဆုံးသူကျောင်းသားမှာ ရေမကူးတတ်ဘဲ ရေမနက်ဘူးဟုဆိုကာ ဆင်းသွားရာမှ ရေနစ်ခဲ့ရခြင်းဖြစ်ပြီး၊ သေဆုံးချိန်တွင် အသက်(၂၃)ဝန်းကျင်သာ ရှိသေးသည့် ဗန်းမော်တက္ကသိုလ်မှ ကျောင်းသား မောင်ဒိန်ရင်ကွမ်ဂျာလီဆိုသူ ဖြစ်သည်။


ဒေသခံတစ်ဦး ပြောပြချက်အရ ထိုကျောင်းသားမှာ ဆွေမျိုးအိမ်တွင် လာရောက်နေထိုင်သူဖြစ်ပြီး၊ ဧပြီလ၂၁ရက် ညနေ ၄နာရီနောက်ပိုင်း ဆွတ်မူအောင်ရေတံခွန်တွင် သူငယ်ချင်းများနှင့်အတူ ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ရကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယမန်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း သေဆုံးသူ၏ ရုပ်အလောင်းကိုတော့ ယနေ့နေ့လည်၂နာရီအချိန်မှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြကြောင်း ထပ်မံသိရသည်။


သတင်း - လိုင်ဇာ


Comments


Pajau Media

Thanks for subscribing!

bottom of page