top of page

လျှပ်စစ်မီးပြတ်တောက်ချိန်များ ယခင်ကထက်ပိုမိုများပြားလာခြင်းကြောင့် မြစ်ကြီးနားမြို့ခံများပိုမိုခက်ခဲလာ

  • Writer: Pajau Media
    Pajau Media
  • Mar 27, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၇ရက်၊မတ်လ၊၂၀၂၅။




ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် လျှပ်စစ်မီးပြတ်တောက်ချိန် ယခင်ကထက် ပိုမိုများလာသောကြောင့် လျှပ်စစ်ပစ္စည်း အသုံးအဆောင်များ အားသွင်းရန် ခက်ခဲလာသည့်အပြင် လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရန်လည်း ခက်ခဲလာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


“မီးပျက်တာခုတလော ပိုများလာတယ်။ ခါတိုင်းက ရပ်ကွက်လိုက်ကို အချိန်အကန့်သတ်နဲ့ ပုံမှန်ပေးတယ်။ ဒါပေမဲ့ ခုတလောမီးက ပုံမှန်မလာတော့ လုပ်ငန်းပုံမှန်လည်ပတ်လို့ မရတော့ဘူး ဆိုင်ကယ်အား၊ ဖုန်းအားသွင်းမယ်ဆိုရင်တောင်ခက်တယ်” ဟု ‌ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။


ယခင် နှစ်ဆန်းပိုင်းအချိန်မှစပြီး လျှပ်စစ်မီးကို ရပ်ကွက်အလိုက် အချိန်အကန့်အသတ်ဖြင့် ပုံမှန်အလှည့်ကျပေးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ပုံမှန်လျှပ်စစ်မီးပေးချိန်များ ပျက်ကွက်ကာ ပြတ်တောက်မှုရှိနေသောကြောင့် လျှပ်စစ်ပစ္စည်းအသုံးဆောင်များ အားသွင်းယူရန် ခက်ခဲလာပြီး လုပ်ငန်းပုံမှန်လည်ပတ်နိုင်ရန် ခက်ခဲလာခြင်း ဖြစ်သည်။


ရပ်ကွက်များကိုအုပ်စု A,B,Cခွဲ၍ ၆နာရီစီ ပုံမှန်ပေးနေခဲ့သော်လည်း G-12တတ္ကသိုလ်ဝင် စားမေးပွဲဖြေချိန်မှစ၍ လျှပ်စစ်မီး ပုံမှန်မလာခြင်းကြောင့် ဘူးဂါးလျှပ်စစ်ဓါတ်အားပေးရုံးကို အကြောင်းရင်းမေးမြန်းရာ လျှပ်စစ်မီးအား မလုံလောက်မှုသောကြောင့်ဟုသာ ဖြေကြားခဲ့သည်ဟု ဆိုသည်။


“ခုတလော မီးပျက်တာပိုများလာလို့ မီတာရုံးကို သွားမေးတော့ မီးအားမလောက်ဘူးဆိုပြီး ပြောခဲ့တယ် တကယ်ဟုတ်မဟုတ်တော့ မသိဘူး” ဟု အထက်ပါ အမျိုးသားတစ်ဦးက ဆက်ပြောသည်။


လက်ရှိမြစ်ကြီးနား၊ ဝိုင်းမော်မြို့အား ဖြန့်ဖြူးပေးနေသော လျှပ်စစ်မီးသည် ဘူးဂါးပိုင်လျှပ်စစ်ဓါတ်အားရုံမှ ဖြန့်ပေးနေခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံအောက်ပိုင်းအစိုးရပိုင် မဟာဓာတ်အားလိုင်းမှ ဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း ထပ်မံသိရသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page