top of page

လျှပ်စစ်မီးဖြတ်တောက်ခံထားရသော ဖားကန့်ဒေသ ဆီကားမဝင်သောကြောင့် စက်သုံးဆီပြတ်လပ်

  • Writer: Pajau Media
    Pajau Media
  • Aug 11, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ရက်၊ သြဂုတ်လ၊ ၂၀၂၅။


၂လနီးပါး လျှပ်စစ်မီး ပြတ်တောက်လာသော ဖားကန့်ဒေသတွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီပါ ပြတ်လတ်လာကြောင်း ဒေသခံများထံမှ သိရသည်။


"အရင်ကဆို လျှပ်စစ်မီးက ပြတ်တောက်ပြတ်တောက်နဲ့ တစ်ခါတစ်လေ လာသေးတယ်။ အခုဆိုလုံးလုံးပြတ်သွားတာ လွန်ခဲ့တဲ့ ၁လကျော် ဆက်တိုက် စစ်ဖြစ်နေကတည်းကပဲ။ လျှပ်စစ်မီးပြတ်ကတည်းက မြို့ထဲမှာ ကိုယ့်မီးစက်နဲ့ကိုယ်ပဲ လုပ်စရာရှိတာလုပ်ကြတာ။ အခု ဆီဆိုင်တွေက ဆီကားမဝင်ဘူးဆိုပြီး ဆီအရောင်းပိတ်လိုက်တော့ ဘာမှကိုလုပ်လို့မရတော့တာ။” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။


ဩဂုတ်လဆန်းပိုင်းအထိ အချို့သော စက်သုံးဆီ အရောင်းဆိုင်များတွင် အချိန်အကန့်အသတ်ဖြင့် ဝယ်ယူနိုင်သော်လည်း ယခုရက်ပိုင်းအတွင်းမှာ စက်သုံးဆီအရောင်းဆိုင် အားလုံးနီးပါး ပိတ်ထားသည်ဟု ဆိုသည်။


နောက်ထပ်ဒေသခံတစ်ဦးမှလည်း “ဆီဆိုင်တွေက ဆီမရှိလို့ ပိတ်ထားတာကို ဆိုင်အရှေ့မှာ ပုလင်းထောင်ပီးတော့ ရောင်းနေကြတဲ့သူတွေလည်းရှိတယ်။ သူတို့က ဆီတွေကို ပုံးတွေနဲ့ ကြိုဝယ် ပီးတော့ ပုလင်းတွေနဲ့ ထည့်ပီး စျေးအတက်ကိုရောင်းကြတာ၊ အဲ့လို မလိုအပ်ပဲနဲ့ ဆီတွေကို ပုံးတွေနဲ့ ကြိုဝယ်ပြီး ပြန်ရောင်းစားနေကြတဲ့ လောဘသားတွေကြောင့် ဆီတွေဝယ်လို့မရတာ။” ဟု ပြောသည်။


ဖားကန့်ဒေသခံများမှာ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ရေးအခြေအနေများကြောင့် လုံခြုံရေးမှအစ စားဝတ်နေရေး၊ သွားရေးလာရေးများ အားလုံး အကြပ်အတည်း ဖြစ်ခဲ့ရသည့်အပြင် လျှပ်စစ်မီးမရရှိဘဲ စက်သုံးဆီပါ ပြတ်လတ်လာသည့် အခြအနေကြောင့် ပိုမိုကြပ်တည်းလာမည်ကို စိုးရိမ်နေကြောင်း သိရသည်။


သတင်း - အန်ဒီ


Comments


Pajau Media

Thanks for subscribing!

bottom of page