top of page

လေဖိအားနည်းရပ်ဝန်းကြောင့် နိုင်ငံတစ်ဝန်း မိုးထစ်ချုန်းရွာပြီး၊ မိုးကြီးနိုင်ကြောင်း သတိပေးထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Jun 30, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၃၀ရက်၊ဇွန်လ၊၂၀၂၅။


ကချင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ယနေ့ ဇွန်လ(၃၀)ရက်နေ့မှ ဇူလိုင်လ(၆)ရက်နေ့အထိ ယခုတစ်ပတ်အတွင်း မိုးထစ်ချုန်းရွာနိုင်ပြီး၊ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။


လေဖိအားနည်းရပ်ဝန်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးကြီးသည့်အပြင် မြစ်ရေကြီးမှုများ ကြုံတွေ့လာနိုင်ပြီး၊ သဘာဝဘေး အန္တရာယ်များလည်း ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးပြောဆိုထားသည်။


မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများကြွေကျခြင်း၊ လျှပ်တစ်ပြတ် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ပြည်သူပြည်သားများအနေဖြင့် အထူးသတိထားကာ ပိုမိုဂရုပြုကြရန် လိုအပ်သည်ဟု ဆိုထားသည်။


ကချင်ပြည်နယ်မှာတော့ ယနေ့ ဇွန် (၃၀)ရက်နေ့မှစတင်ပြီး နေရာကွက်ကြား မိုးသည်းထန်စွာ ရွာသွန်းမှုများ ရှိနေပြီး၊ မြစ်ကြီးနားမြို့မှ ဧရာဝတီမြစ်ရေကြီးမှု အခြေအနေမှာလည်း ယမန်နေ့ တိုင်းတာချက်အရ စိုးရိမ်ရေအမှတ် ၁၂၀၀စင်တီမီတာသို့ ရောက်ရှိရန် (၆၆၄)စင်တီမီတာ ၂၂ပေခန့်နီးနီး အလိုတွင် ရောက်ရှိနေကြောင်း ဇလဗေဒမှုး ဦးနိုင်လင်းထွေးက ထုတ်ပြန်ထားပါသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page