လုယှက်မှုတွေများပြားနေပြီး လုံခြုံမှုမရှိတော့သော မြစ်ကြီးနားမြို့
- Pajau Media

- May 12
- 1 min read
ပါဂျောင်မီဒီယာ
၁၂ ရက်၊ မေလ၊ ၂၀၂၆။

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း လုယှက်မှုတွေ ခပ်စိပ်စိပ်တွေ့လာနေရသောကြောင့် လုံခြုံမှုမရှိတော့ဘူးဟု မြစ်ကြီးနားမြို့ခံများက ဆိုကြသည်။
မြစ်ကြီးနားမြို့တွင် အုပ်စုဖွဲ့လုယှက်တာ၊ နေအိမ်အတွင်းဖောက်ထွင်းဝင်ရောက်တာတွေအပြင် ပစ္စည်းလုယှက်ရင်း ဓားထိုးခံရတာ၊ ရိုက်နှက်ခံရတာတွေလည်း ရှိနေသည်ဟု ဆိုသည်။
ယနေ့ နေ့လည် ၁ နာရီဝန်းကျင်းတွင်လည်း မြေမြင့်ရပ်ကွက်၊ မြေမြင့်အပေါင်ဆိုင်နောက် ဈေးတန်းဝန်းကျင်တွင်လည်း ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ ခြိမ်းခြောက်တားဆီးမှုရှိခဲ့သော်လည်း ထွက်ပြေးလာနိုင်ခဲ့သည်ဟု သိရသည်။
“အဖြစ်အများဆုံးကတော့ ညအချိန်ပေါ့၊ ဆိုင်ကယ်နဲ့သွားရင်ဖြစ်ဖြစ်၊ လမ်းလျှောက်ရင်ဖြစ်ဖြစ်၊ လူရှင်းတဲ့နေရာတွေဆို လုခံရနိုင်တယ်၊ လုခံရတာတွေလည်း ခနခနပဲ၊ တချို့တွေတော့ လိုင်းပေါ်တင်တယ်၊ အများစုတော့ ဒီတိုင်းဘယ်သူမှ မသိဘဲပြီးသွားတာကများတယ်။”ဟု မြစ်ကြီးနားနေ အမျိုးသားတစ်ဦးက ပြောပြသည်။
ဆိုင်ကယ်နှင့် ပစ္စည်းလုရင်း ရိုက်နှက်မှုကြောင့် ဒဏ်ရာကြီးကြီးမားမားရရှိနေသူများလည်းရှိပြီး အသက်အန္တရာယ်ပါ စိုးရိမ်လာရနိုင်သောကြောင့် လူခြုံမှုမရှိကြောင်းသူကပြောပြသည်။
လုယှက်မှုကြူးလွန်သူအများစုမှာ လူငယ်များဖြစ်ကြပြီး လုယှက်မှုတွေ မကြာခဏတွေ့နေရသော်လည်း တာဝန်ရှိသူများအနေဖြင့် တာဝန်ယူဖြေရှင်းပေးတာမျိုးနည်းပါးပြီး တာဝန်ယူဖြေရှင်းပေးစေလိုကြောင်း မြို့ခံများက ဆိုကြသည်။
မြစ်ကြီးနားမြို့တွင်း လောင်းကစားဝိုင်းပေါများခြင်း၊ မှုယစ်ဆေးဝါးများကို ပေါ်ပေါ်တင်တင် အသုံးပြုလာနိုင်သောကြောင့်လည်း ခိုးဆိုးလုယှက်မှုပိုဆိုးလားသည်ဟု ဆိုသည်။
သတင်း - ဇော်
ပုံ - လုယှက်မှုအတွင်းအရိုက်ခံရသည့် အမျိုးသမီးတစ်ဦးအားတွေ့ရစဥ်




Comments