top of page

လေယာဉ်ဗုံးကြောင့် ပေါက်ကုန်းကျေးရွာ ကွင်းကြီးလမ်းဆုံမှ အရပ်သားတစ်ဦး ခြေထောက်ထိခိုက်ဒဏ်ရာရ

  • Writer: Pajau Media
    Pajau Media
  • Mar 10, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၀ရက်၊မတ်လ၊၂၀၂၅။




စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ပေါက်ကုန်းကျေးရွာအနီး ကွင်းကြီးလမ်းဆုံနေရာတွင် မိတ္ထီလာမှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများမှ ပြောကြားလာသည်။


ဒေသခံတစ်ဦးက "စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးသီးနှစ်လုံးချခဲ့တာ၊ အသက်၄၉နှစ်အရွယ် အမျိုးသားတဦးရဲ့ ခြေထောက်မှာ ထိခိုက်ဒါဏ်ရာရသွားတယ်၊ လူနေအိမ်၅လုံးပျက်စီးသွားတယ်၊ ကျွဲသုံးကောင်သေတယ်၊ စက်သုံးဆီဆိုင်လဲ မီးလောင်ပြာကျသွားတယ်" ဟု ပြောပြသည်။


ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ ၈ရက်နေ့ ညနေ ၅နာရီအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ထီးချိုင့်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ တိုက်ပွဲဖြစ်ပွားနေချိန် ကွင်းကြီးကျေးရွာကို လေယာဉ်ဖြင့် ဗုံးလာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။





ထို့ကြောင့် ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကွင်းကြီးကျေးရွာအား ယခုကဲ့သို့ လေယာဉ်ဖြင့် ဗုံးလာရောက်ပစ်ခတ်ခြင်းမှာ အရပ်သားများကို ပစ်မှတ်ထားပြီး လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောဆိုနေကြသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page