top of page

လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူထိခိုက်သေဆုံးသူရှိ

  • Writer: Pajau Media
    Pajau Media
  • Apr 20
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊ဧပြီ၊၂၀၂၆။


ဖားကန့်ဒေသတွင် စစ်ကော်မရှင်တပ်ဖွဲ့မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရသည်။


ယမန်နေ့ ဧပြီ ၁၉ရက် နံနက် ၄နာရီအချိန်ခန့်ကတည်းက မလန်ဒုန်းကျေးရွာဘက် စစ်ကော်မရှင်တပ်ဖွဲ့မှ စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာချိန် လက်နက်ကြီးနှင့် သေနတ်များ ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လာသောကြောင့် အသက်(၄)နှစ်အရွယ် ချင်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။


ထို့နောက် ၈နာရီအချိန်ခန့်တွင်လည်း စစ်ကော်မရှင်ဘက်မှ ဒရုန်းဗုံးတစ်လုံးက မှော်ဆီစာကျေးရွာဘက် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


စစ်ကော်မရှင်များက လက်ရှိ မလန်းဒုန်း၊ မရှီကထောင်၊ နမ့်မဖြစ်၊ မှော်ဆီစာဒေသတို့တွင် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ စစ်ကြောင်းထိုးလှုပ်ရှားနေသည့်အပြင် နှစ်ဖက်စစ်တပ်မှ စစ်ရေးအရှိန်မှာ အပြန်အလှန် တင်းမာနေဆဲ ဖြစ်သည်။


KIA အမှတ်(၂)တပ်မဟာ၊အမှတ်(၁၄)တပ်ရင်းဒေသတွင်လည်း ဧပြီ ၁၈ရက်နေ့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ မင်းဇေသန့်ပြည်သူ့စစ်များ နေရာယူထားသည့် တပ်နေရာ၂ခုကို KIAပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page