top of page

လက်ရှိပြင်ပဈေးကွက်တွင် အခေါက်ရွှေ ဈေးနှုန်းပေါက်ဈေးမှာ တစ်ကျပ်သားလျှင် ကျပ်သိန်း(၈၀)နီးပါးအထိ မြင့်တက်နေ

  • Writer: Pajau Media
    Pajau Media
  • Jun 16, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ဇွန်လ၊၂၀၂၅။


လက်ရှိပြင်ပဈေးကွက်တွင် အခေါက်ရွှေ ဈေးနှုန်းပေါက်ဈေးမှာ တစ်ကျပ်သားလျှင် ကျပ်သိန်း(၈၀)နီးပါး (၇,၉၉၀,၀၀၀)ကျော်အထိ မြင့်တက်နေပြီး၊ အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာအား ရောင်းဈေး တစ်ကျပ်မှာ (၄,၅၆၀) ကျပ်ဝန်းကျင်အထိ ရှိနေကြောင်း ဈေးကွက်သတင်းများမှ သိရသည်။


သို့သော် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)၏ ဈေးနှုန်းသတ်မှတ်ချက်မှာ ဇွန် ၁၅ ရက်နေ့အတွက် တစ်ကျပ်သားကို ကျပ်(၅၉)သိန်းအထိသာ ရောင်းချဖို့ ရည်ညွှန်းဈေး သတ်မှတ်ထားသော်လည်း၊ မြေပြင်မှာတော့ ယင်းဈေးနှုန်းနှင့် မရောင်းချကြကြောင်းလည်း ထပ်မံသိရှိရသည်။


YGEA၏ ရွှေရည်ညွှန်းဈေးမှာ ပြီးခဲ့သည့် ဇွန် ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျပ် ငါးဆယ့်ရှစ်သိန်း နှစ်သောင်းဈေး၊ ဇွန် ၁၃ ရက်နေ့မှာ ကျပ် (၅၈) သိန်းခွဲအထိ ရောက်ရှိလာပြီး၊ ဇွန် ၁၄ ရက်နေ့မှာတော့ ကျပ် ငါးသောင်း ထပ်မံ မြင့်တက်လာကာ (၅၉) သိန်းကျပ်အဖြစ် သတ်မှတ်ထားသည်။


လက်ရှိ ပြင်ပဈေးကွက်မှာ အခေါက်ရွှေဈေးနှုန်းက သိန်း(၈၀)နီးပါးအထိ မြင့်တက်နေသောကြောင့် ရွှေလုပ်ငန်းရှင်(၁၀)ယောက်ထက်မနည်း ခေါ်ယူစစ်ဆေးမေးမြန်းခံနေရကြောင်းလည်း သတင်းဖော်ပြမှုအရ သိရသည်။


ယခုတပတ်အတွင်း ကမ္ဘာ့ရွှေဈေးတွေ ဆက်လက် မြင့်တက်နေသလို ပြည်တွင်း ရွှေဈေးများလည်း အတက်ကြမ်းနေသည့်အပြင် အမေရိကန် ဒေါ်လာဈေးများလည်း မြင့်တက်လျက်ရှိနေဆဲ ဖြစ်သည်။


လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးသည့်အတွက် အချိန်၊ နေရာအလိုက် ရွှေဈေးနှုန်းများ အပြောင်းအလဲ ရှိနိုင်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page